31 C
Yangon

ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီသားများကို တော်လှန်ရေးတပ်ဖွဲ့များက Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညပိုင်းတွင်လည်း လက်နက်ကြီများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“အဲဒီမှာက ခန့်မှန်းခြေ ၅၀ လောက်တော့ရှိအုံးမယ်။ ဒရုန်းနဲ့ချတာက ညနေ ၄ နာရီခွဲလောက်မှာချခဲ့တာ၊ လက်လုပ် 2kg ၂ လုံးချခဲ့တယ်။ လက်နက်ကြီးနဲ့က ည ၈ နာရီလောက်မှာ ပစ်ခဲ့တယ်။ လက်နက် ကြီးနဲ့က ပြောင်း ၆ ပြောင်းနဲ့ အလုံး ၄၀ လောက်ပစ်ခဲ့တာ အဲဒါကတော့ပုံမှန်လိုပဲ တစ်ခါ ပစ်ရင် အဲလောက်ကတော့ ပစ်ခဲ့တယ်။ ခွေးသေ အထိအခိုက်ကတော့ မသိရသေးဘူး။ ဟန်လင်းက ရွာခါထားတာ ဆိုတော့ သတင်းထောက်လို့က မရဘူးဖြစ်နေတယ်။ စစ်တပ်ပဲရှိတော့ ရွာထဲက ပြည်သူတွေ အကုန် ထွက်ပြေးနေရတယ်။ ကျွန်တော်တို့အဖွဲ့ကလည်း လက်နက်ကြီးနဲ့ မှီတဲ့ နေရာကနေပဲ ပစ်တာဆိုတော့ လက်နက်ငယ်လောက်ပဲ ပြန်ပစ်တာ မထိရောက်ဘူး၊ ရဲဘော်တွေ အားလုံးဘေးကင်းပါတယ်” ဟု ပြည်သူ့အစေခံတော်လှန်ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ ဟံလင်းတိုက်နယ် ပကဖနှင့် ရပ်ကျေး ပကဖများ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #Drone #ဝက်လက်မြို့နယ် #စစ်ကောင်စီ #တော်လှန်ရေးတပ်ဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article