30 C
Yangon

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ ခလရ ၁၂၃ တပ်ရင်း သိမ်းပိုက်ခံရပြီးနောက် ထွက်ပြေးရသော စစ်သည်နှင့် တပ်မိသားစုဝင် ၁၀၀ ဝန်းကျင်က ကယ်ဆယ် ပေးရန် စစ်ကောင်စီထံ အကူအညီတောင်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ ခလရ ၁၂၃ တပ်ရင်း သိမ်းပိုက်ခံရပြီး စစ်တပ်၊ မိသားစုဝင်များ ထွက် ပြေးရကာ အဆိုပါ ထွက်ပြေး နေရ သည့် တပ်မိသားစုဝင်များက စစ်ကောင်စီထံသို့ ကူညီကယ်ဆယ်ပေးရန် အကူအညီတောင်းလာကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြိုနယ်၊ နမ့်ဖတ် ကာအ‌ခြေစိုက် ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ် ရေးတပ် မတော် KIA အပါအဝင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်လိုက် ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် တပ်မိသားစု ဝင်များ၊ ဒဏ်ရာရစစ်သည်များနှင့် စစ်သည်တချို့ ထွက်ပြေးလွတ်မြောက်လာပြီး ၎င်းတို့ကို ကူညီကယ်ဆယ်ပေးရန် သက်ဆိုင်ရာ စစ်ကောင်စီထံသို့ အကူအညီတောင်းလာကြောင်း သိရှိရသည်။

“တပ်မိသားစုတွေရယ်၊ ဒဏ်ရာရစစ်သည်တွေရယ်၊ အရာရှိတချို့ရယ် စုစုပေါင်း ၁၀၀ ဝန်းကျင်လောက် ထွက်ပြေးလာတာရှိပါတယ်။ အဲဒါ ကူညီပေးဖို့ အကူအညီတောင်းတာရှိတယ်။ တိုက်ရိုက်မဟုတ်ဘူး။ တစ်ဆင့်ပြီး တစ်ဆင့် ဆက်သွယ်လာတာ။ တိုက်ရိုက် အဆက်အသွယ် ပြတ်နေပါတယ်။ နယ်မြေခံ တပ်တွေကတော့ ကယ်ဆယ်ဖို့ အတွက် အခြေအနေမပေးလို့ နီးစပ်ရာ တပ်ရင်း တပ်ဖွဲ့တွေနားရောက်အောင်လာဖို့ ပြန်အကြောင်းကြား ထားတာ ရှိတယ်” ဟု တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ခလရ ၁၂၃ တပ်ရင်းကိုKIA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မ တော် TNLA က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာ လအတွင်းမှာ မကြာ ခဏ တိုက်ခိုက်ခဲ့ပြီး ယခု ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက် နိုင်ခြင်းဖြစ်ပြီး ယင်းစခန်းသည် လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကို ထိန်းချုပ်သည့် အဓိက ကျသော စစ်စခန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TNLA #KIA #ကွတ်ခိုင်မြို့နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article