30 C
Yangon

ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက် တိုက် ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာအတွင်း အထိုင်ချတပ်စွဲ ထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကျားညီနောင် – Tiger Brother LPDF တပ်ဖွဲ့မှ ကိုရန်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် စစ်အင်အား ၇၅ ဦးဖြင့် ဝက်လက်မြို့နယ်၊ ရွာသာ ကြီး ကျေးရွာအတွင်း အထိုင်ချတပ်စွဲသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက် မိုင်းထောင် တိုက်ခိုက် ပြီးနောက် လက်နက်ကြီး၊ လက် နက် ငယ်များဖြင့်အပြန်အလှန် ပစ်ခတ်တိုက် ပွဲ ဖြစ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်သော် လည်း အတိအကျ သိရှိ နိုင်ရန် စုံစမ်းရရှိခြင်းမရှိသေးကြောင်း သိရသည်။

“ဖြစ်တာကတော့ ညနေ ၃ နာရီလောက်မှာဖြစ်သွားတာပေါ့၊ ဖြစ်စဉ်က မနက်ခင်း ပိုင်းမှာ ကျနော်တို့ အဖွဲ့တွေက ရွာထဲအထိ ဝင်ပြီးမိုင်း ထောင် လိုက်တာ၊ မိုင်းထောင်တာကို သတင်းပေါက်သွား တော့ သူတို့က ရွာအစွန်ကို တက်လာတာ၊ တက်လာတာကို မိုင်းဆွဲလိုက်တယ်၊ မိုင်းက မကွဲလိုက်ဘူး၊ မကွဲ တော့သူတို့က ကျနော်တို့ ၄၀ မမနဲ့ ကောင်တာတစ်လုံးပြန်ပစ်တယ်၊ အဲလိုပစ် တော့ ကျနော်တို့ ဘက်က လက်လုပ် ၆၀ မမနဲ့ပြန်ထုတာ၊ အလုံးရေ ၄၈ လုံးထု လိုက်တယ်၊ လက်နက်ငယ်နဲ့ လည်းအ ချက်ရေ ၂၀၀ နီးနီးလောက်ပစ်ခဲ့တယ်၊ စစ်ခွေးဘက်ကတော့ ထိခိုက်မှုကတော့ ရှိတယ်၊ အတိအကျ တော့ မသိရဘူး၊ သတင်းကလည်းထောက်လို့မရတော့ဘူး” ဟု ကျားညီနောင် – Tiger Brother LPDF တပ်ဖွဲ့မှ ကိုရန်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျားညီနောင် – Tiger Brother LPDF တပ်ဖွဲ့၊ ရွာသာ ကြီးတိုက်နယ်ပကဖ နှင့် Local PDF အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TigerBrotherLPDF #LocalPDF #ဝက်လက်မြို့နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article