30 C
Yangon

မင်းပြားမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၅ လုံးကျဲ ချပြီး တိုက်ပွဲများ ပြင်းထန်နေ

Must read

ရန်ကုန် ဇန်နဝါရီ ၁၆

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် စစ်ကောင်စီ လေကြောင်းက ဖျက်အားပြင်း ပေါင် ၅၀၀ ရှိသည့် ဗုံးများဖြင့် လာရောက် ကျဲ ချခဲ့ ကြောင်း မင်းပြားမြို့ခံများနှင့် AA သတင်းရင်းမြစ်များက အတည် ပြုပြော ဆိုသည်။

“ဒီကနေ့ နံနက်ပိုင်း ၅ နာရီခန့်က လေကြောင်းကနေ ဗုံးလာချပါတယ်။ ဖျက် အားပြင်း ပေါင် ၅၀၀ လောက်ရှိတဲ့ ဗုံးနဲ့ လာချတာပါ။ ၅ လုံးချပါတယ်။ အိမ် တွေ ငလျင်လှုပ်တာထက်တောင် တုန်ခါပါတယ်။ တော်တော် ထိတ်လန့် စရာ ကောင်းအောင် တုန်ခါသွားပါတယ်။ အဲ့ဒီဗုံးကျိန်တောင်ကို ပစ်တာလို့ သိရ တယ်။ အခြားနေရာတွေကိုလည်း ပစ်တာရှိတယ် “ဟုပြောသည်။

မင်းပြား မြို့အနီးရှိ သုံးမိုင်ကနေ ၅မိုင်အထိ အဆိုပါ ဖျက်အားပြင်း ဗုံးကြောင့် တုန်ခါမှုများကို ခံစားခဲ့ရကြောင်း မင်းပြားမြို့နယ် ခေါင်းလောင်းရွာသစ် ကျေး ရွာ သားတစ်ဦးက ပြောသည်။

“ကျနော့်တို့ ရွာနဲ့ မင်းပြားနဲ့ဆိုရင် သုံးမိုင်ကျော်လောက်ရှိတယ်။ ဒီကနေ့ နံနက် ပိုင်းက ပထမ သုံးလုံးဗုံးချပါတယ်။ နောက်ထပ် နှစ်လုံးချပါတယ်။ ကျနော့် ရွာဖက်ကတောင် အဲ့ဒီဗုံးချတဲ့ အသံက တော်တော်ကြောက် စရာ ကောင်း လောက်အောင် ကျယ်လောင်ပါတယ်။ အကုန်လုံးတုန်ခါသွားပါတယ် “ဟုပြောသည်။

စစ်ကောင်စီ လေကြောင်းက ယင်းကဲ့သို့ လာရောက် ဗုံးကြဲနေသည်မှာ ယနေ့ ဆိုလျှင် ၅ ရက်မြောက်နေ့ ဖြစ်နေပြီး မြို့ပေါ်က နေအိမ်အများအပြားလည်း ပျက်စီးလျှက်ရှိနေကာ အရပ်သားများလည်း ထိခိုက်သေဆုံးမှုများ ရှိနေ ကြောင်း သိရသည်။

မင်းပြားမြို့ မြောင်းဘွေလမ်း၊ အပိုင်း (၁ )ဈေးဟောင်းပိုင်း၊ ရွှေပြည်တန်ဆိပ် ကမ်းမှ နေအိမ်များ၊ ကျွန်းညို၊ ဦးစိုးတင့်၊ မင်းဘာကြီးရပ်ကွက်၊ ပြည်တော်လှ၊ ပြည်တော်အေး၊ ကျီးဖြူရွာက နေအိမ်အများအပြား မီးလောင် ပျက်စီးမှုများ ရှိနေကြောင်း မင်းပြားဒေသခံများက ပြောသည်။

မင်းပြားမြို့ခံတစ်ဦးက “ဗုံးလာချတာကြောင့် မင်းပြားမြို့တော်တော်များများ ပျက်စီးသွားပြီ။ ရပ်ကွက် ၈ ရပ်ကွက်လောက်မှာ နေအိမ်တွေပျက်စီးသွားတယ်။ တစ်ချို့အိမ်တွေဆိုရင် လုံးဝ ရစရာ မရှိတော့ပါဘူး။ လက်နက်ကြီးနဲ့လည်း ပစ်နေတယ်။

လေကြောင်းကလည်း တစ်လျှောက်ပစ်တယ်။ မြို့ပေါ်မှာ လူအနည်းအကျဉ်း လောက်သာ ရှိတော့တယ် “ဟုပြောသည်။

ဇန်နဝါရီလ ၁၁ရက်နေ့ ညနေ ၄နာရီခန့်က မင်းပြားမြို့မှ နေအိမ်များအတွင်း သို့ ဝင်ရောက်ပြီး အရပ်သား ၄ဦးကို စစ်ကောင်စီတပ်ဖွဲဝင်များက ပစ်သတ်ခဲ့ ကြောင်း မြို့ခံတစ်ဦးက အတည်ပြုပြောသည်။

မင်းပြားမြို့ခံတစ်ဦးက “ပြီးခဲ့တဲ့ ရက်ပိုင်း စစ်ကောင်စီက မင်းပြားမြို့ခံ အရပ်သား လေးယောက်ကို ပစ်သတ်ခဲ့တာရှိတယ်။ ဈေးရောင်းတဲ့ အမျိုးသမီး တစ်ယောက်ရယ်။ နောက်ထပ် အမျိုးသမီးတစ်ယောက်။ ပြီးတော့ အမျိုးသား နစ်ယောက် ပစ်သတ်သွားတာပါ။ နေရာမှာပဲ သုံးယောက် သေပါ တယ်”ဟု ပြော သည်။

သေဆုံးခဲ့သူများမှာ မင်းပြားမြို၊ မင်းဘာကြီးရပ်ကွက်မှ အသက် ၅၀ အရွယ်ရှိ ဒေါ်မနန်းဘုံ၊ အသက် ၄၁ နှစ်အရွယ်ရှိ ဒေါ်မဲယဉ်နှင့် အသက် ၄၅ နှစ်အရွယ်ရှိ ဦးသိန်းချေမောင်၊ အသက် ၂၃နှစ်အရွယ်ရှိ ကိုဂေါင်းလှတို့ ဖြစ်ကြသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AAတို့ မင်းပြား မြို့ တွင် တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေပြီး AA က စစ်ကောင်စီတပ်ရင်းများကို ထိုးစစ် ဆင် တိုက်ခိုက်လျက်ရှိနေကြောင်း သိရသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ မင်းပြားရှိ စစ်ကောင်စီတပ်ရင်းများဖြစ် ကြသည့် ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်းများကို ရက္ခိုင့်တပ်တော် AA က တစ်ပြိုင် တည်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။

ယင်းနောက်ပိုင်းတွင် မင်းပြားဒေသခံများမှာ နီးစပ်ရာ ဆွေမျိုးများနှင့် တိုက်ပွဲ များ ဝေးရာသို့ တိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က လေကြောင်း၊ ရေ ကြောင်း များနှင့် စစ်ကောင်စီ၏ တပ်စခန်းများက ပစ်ကူပေးမှုရှိနေကြောင်း သိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #AA #မင်းပြားမြို့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article