30 C
Yangon

သိန္နီမြို့သိမ်း တိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော် ၁၂ ဦး ကို “သိန္နီတိုက်ပွဲ အာဇာနည်” များအဖြစ် PLA က ဂုဏ်ပြု

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော် ၁၂ ဦးကို “သိန္နီ တိုက်ပွဲ အာဇာနည်” များအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ပြည့်သူ့လွတ်မြောက်ရေး တပ်မတော် – PLA က ဂုဏ်ပြု ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ပြည်သူ့ လွတ် မြောက်ရေးတပ်မတော်သည် သိန္နီမြို့သိမ်းတိုက်ပွဲကို အောင်ပွဲရသည်အထိ မဟာမိတ်တပ်ဖွဲ့များနှင့် လက်တွဲကာ ရွပ်ရွပ်ချွံချွံပါဝင်ဆင်နွှဲ တိုက်ပွဲဝင်ခဲ့ကြောင်း၊ သိန္နီမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုသည် ရဲဘော်များ စွမ်းစွမ်းတမံ အသက်စွန့်ဆောင်ရွက်ခဲ့သဖြင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော် သခွား ၊ ရဲဘော် ဇနက္က၊ ရဲဘော် ဂျစ်ဂျစ်၊ ရဲဘော်သုခ၊ ရဲဘော်မိုးအောင်၊ ရဲဘော်ကောင်းကင်၊ ရဲဘော်သူရ၊ ရဲဘော် ဝက်သိန်း၊ ရဲဘော် စိန်လွင်၊ ရဲဘော် ဝကြီး၊ ရဲဘော် ကျားလေး၊ ရဲဘော်အောင်ဆန်းတို့သည် အာဇာနည်ပီသစွာ ရဲရဲရင့်ရဲင့် တိုက်ပွဲဝင်ရင်း အသက်စွန့်ကြိုးပမ်းခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်စွာ ကျ ဆုံးခဲ့သော အာဇာနည်ရဲဘော်များကို ပြည့်သူ့လွတ်မြောက်ရေးတပ်မတော်၏ “သိန္နီတိုက်ပွဲ အာဇာ နည်” များအဖြစ် အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးထွက်သက်အထိ ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့သည့် ရဲဘော်များ၏ စံပြအာဇာနည်စိတ်ဓာတ်ကို ဆက်လက်ကိုင်စွဲကာ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင် ဆင်နွှဲသွား မည်ဖြစ်ဖြစ်ကြောင်း၊ ကျဆုံးခဲ့သော အာဇာနည်ရဲဘော်များကို ဂုဏ်ယူစွာ အလေးနီပြု ဦးညွှတ်လျက် ရဲဘော်များ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA က အသိပေးထားသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PLA #သိန္နီမြို့သိမ်းတိုက်ပွဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article