30 C
Yangon

စစ်တွေနှင့် တောင်ကုတ် တို့တွင် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်၊ ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၄ ခုကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု အသက် ၅ နှစ်ရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

Must read

■ ရမ်းဗြဲ၊ ကျောက်ဖြူနှင့် စစ်တွေ မြို့နယ်တို့တွင် စစ်တပ်က ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးပြီး လူသားဒိုင်း အဖြစ် ခေါ်ဆောင်

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် တောင်ကုတ်မြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၄ ခုကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် အသက် ၅ နှစ်ရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်ခန့်သည် စစ်တွေမြို့နယ်၊ တောကန်ကျေးရွာကို လက်နက် အင်အားအပြည့်အစုံဖြင့် အကြမ်းဖက် ဝင်ရောက်စီးနင်းကာ ကျေးရွာအတွင်းရှိ နေအိမ် အားလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာနေပြည်သူ အသက် ၇၀ အရွယ် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ကို သေနတ်ဖြင့် ပစ်သတ်ပြီး ရုပ်အလောင်းများကို နေအိမ်အတွင်းထည့်ကာ မီးရှို့ခဲ့ကြောင်း သိရသည်။

အလားတူ တောင်ကုတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က အကြမ်းဖက် စစ်တပ်၏ စကခ ၅ လက်အောက်ခံ ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တို့က ဖမ်းဆီးခေါ်ဆောင်သွားသည့် တပျော့ကျေးရွာမှ ဒေသ ပြည်သူ ၃ ဦးအနက် အသက် ၁၉ နှစ်အရွယ် အမျိုးသား တစ်ဦးသည် ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ နှိပ်စက် ညှဉ်းပန်းမှုကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ပလက်ဝမြို့နှင့် အနီးအနားရှိ ကျေးရွာများကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျီးလေကျေးရွာအနီးတွင် ဗုံးသီးများ ကျရောက်ပေါက်ကွဲ ခဲ့ပြီး အသက် ၅ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသား ၃ ဦး ဗုံးစထိမှန်ကာ သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်းရှိ မြောက်ဦးမြို့နယ်၊ ပေါက်တောမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့နယ် တို့ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်း၊ ရေကြောင်းတို့ဖြင့် လက်နက်အင်အားနှင့် လူအင်အားများ ဖြည့်တင်းလျက်ရှိပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ မတရားဖမ်းဆီးမှုများ၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျလျက်ပြီး စစ်တွေမြို့နှင့် အနီး ကျေးရွာများ၌လည်း စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံလက်ကိုင်တုတ်တပ်ဖွဲ့ဝင်များက ပြည်သူများကို ဖမ်းဆီးအနိုင်ကျင့်ခြင်းများကို နေ့စဉ်ရက်ဆက်ပြုလုပ်နေသည့်အပြင် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများလည်း ပိုမိုများပြားလာကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #စစ်တွေ #တောင်ကုတ် #စစ်တပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article