27 C
Yangon

TNLA သိမ်းပိုက်ထားသော နမ္မတူမြို့နယ်သို့ ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် အဖွဲ့ သွားရောက် စစ်ဆေး

Must read

TNLA သိမ်းပိုက်ထားသော နမ္မတူမြို့နယ်သို့ ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် အဖွဲ့ သွားရောက် စစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နမ္မတူမြို့နယ်သို့ တအာင်းတပ်မတော် ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်း ကျော် ဦးဆောင်သော အဖွဲ့က သွားရောက် ကြီးကြပ်စစ်ဆေးကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အထွေထွေ အတွင်း ရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ တွဲဖက်အထွေထွေအတွင်းရေး မှူး ၁ ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနှင့် အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူဇားတို နမ္မတူမြို့နယ် အတွင်းသွားရောက်ကြည့်ရှုကြီးကြပ်ကြကြောင်း ၊ TNLA ထိပ်တန်းတာဝန်ရှိသူများက သိမ်းပိုက်ထားသော မြို့နယ်များကို ဆက် တိုက် ဆိုသလို စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားပြီဖြစ်သော နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနှင့်ကွတ်ခိုင်တို့တွင် လုံခြုံရေးနှင့် အုပ် ချုပ် ရေးယန္တရားအသစ် ဖော်ဆောင်မည်ဟု TNLA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် “၆၁” နှစ်မြောက် တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြု မိန့်ခွန်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TNLA #PSLF #နမ္မတူမြို့နယ် #ရှမ်းပြည်နယ်မြောက်ပိုင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article