နွေဦးတော်လှန်ရေးသည် ပြည်သူလူထု ထောက်ခံအားပေးမှု ရှိသောကြောင့် မထင်မှတ်သည့် အရွေ့တစ်ခုကို မြန်မြန်ဆန်ဆန် ရောက်ရှိလာပြီး စစ်သားများ အစုလိုက် အပြုံလိုက် လက်နက်ချမည်ဟု မတွေးမိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှု စွမ်းရည်ကြောင့် ၂ နှစ် အတွင်း အပြောင်းအလဲ ဖြစ်လာမည်ဟု ဒုတိယဗိုလ်မှူးကြီးသက်အောင် ပြောဆို
■ သံဘိုကျေးရွာစခန်းတိုက်ပွဲတွင် သင်တန်းသားများနှင့်စုဖွဲ့ကာ ခံစစ်ပြင်ဆင်ခဲ့ရပြီး သေနတ်ပစ်ရဲအောင်ပင် မနည်းကြိုးစားခဲ့ရ
ရန်ကုန်၊ ဇန်နဝါရီ ၂၀
နွေဦးတော်လှန်ရေးသည် ပြည်သူလူထု ထောက်ခံအားပေးမှု ရှိသောကြောင့် မထင်မှတ်သည့် အရွေ့တစ်ခုက မြန်မြန်ဆန်ဆန် ရောက်ရှိလာပြီး စစ်သားများ အစုလိုက် အပြုံလိုက် လက်နက်ချမည်ဟု မတွေးမိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှု စွမ်းရည်ကြောင့် ၂ နှစ် အတွင်း အပြောင်းအလဲ ဖြစ်လာမည်ဟု ဒုတိယဗိုလ်မှူးကြီးသက်အောင်က ပြောဆိုသည်။
အဆိုပါ ပြောဆိုချက်သည် ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် Mandalay PDF မှ သံဘို တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိခဲ့သော ဒုတိယဗိုလ်မှူးကြီးသက်အောင်ကို နွေဦးတော်လှန်ရေး အပါ်ထင်မြင်ချက်နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။
“အစတုန်းကတော့ ကျွန်တော် မီဒီယာတွေမှာ တွေ့ဖူးတာပေါ့။ တစ်ထောင့်ထိုး သေနတ်ကလေးတွေ PPC နဲ့ လုပ်ထားတဲ့ မိုင်းလေးတွေ ဒရုန်းနဲ့ဗုံးကျဲတော့လည်း PPC နဲ့ဟာတွေ အဲတာလေးတွေကိုကြည့်ပြီး ရယ်ချင်တယ်။ ဘာလို့ ရယ်ချင်လည်းဆိုတော့ ကျွန်တော်က လက်နက်နဲ့ ပတ်သက်ပြီး တီးမိ ခေါက်မိတာကို စိန်ပြောင်းတွေ ပစ်ကျတယ် ပြောင်းကွဲပြီးတော့ သေတော့မှာပဲ အဲလိုမျိုး တွေးမိတယ်။ ဘာလို့ဆိုတော့ ဒီဟာနဲ့ပတ်သက်တဲ့ဟာတွေက ဘယ်လို အကျိုး သက်ရောက်တယ်ဆိုတာ ကျွန်တော်တို့ အင်ဂျင်နီယာပိုင်းက တီးမိ ခေါက်မိတာကို ဒါပေမယ့် ချီးကျူး စရာ တစ်ခုကောင်းတာက မထင်မှတ်တဲ့ အရွေ့တစ်ခုက တော်တော်ကြီး မြန်မြန်ဆန်ဆန် ဖြစ်သွားတယ်။ ၃ နှစ်လောက် အတွင်းမှာ ဘာကြောင့် ဖြစ်သွားလည်းဆိုတော့ အဓိကအားဖြင့်တော့ ပြည်သူ လူထုရဲ့ ထောက်ခံအားပေးမှုပေါ့။ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို ရလိုက်တဲ့ အချိန်မှာ အဖွဲ့အစည်း တစ်ခုက ရှေ့ကို ဝုန်းဆိုပြီး တက်လာတယ်။ အဲ့အချိန်မှာ ဘာတွေပါ ဖြစ်လာလည်းဆိုတော့ နယ်မြေသိမ်း တိုက်ပွဲတွေကော မြို့သိမ်းတိုက်ပွဲတွေကော အကုန်လုံးဖြစ်လာတယ်” ဟု ဒုတိယဗိုလ်မှူးကြီးသက်အောင်က ပြောဆိုသည်။
နွေဦးတော်လှန်ရေးသည် တိုင်းရင်းသား လက်နက်ကိုင်များပင် ဟန်ချက် ညီညီ ပူးပေါင်း ပါဝင်နေခြင်းကြောင့် ၂ နှစ်တာ ကာလအတွင်း အပြောင်းအလဲတစ်ခု ဖြစ်လာမည်ဟု ဒုတိယဗိုလ်မှူးကြီးသက်အောင်က ဆက်လက် ပြောဆိုသည်။
“ဘာလို့ဖြစ်လာလည်းဆိုတော့ အကုန်လုံးနဲ့ ဟန်ချက်ညီညီပေါ့။ တိုင်းရင်းသား အဖွဲ့အစည်းတွေကော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကာ အကုန်လုံးနဲ့ ပေါင်းလိုက်ပြီးတော့ ညီညီညွတ်ညွတ် နွှဲလိုက်ချိန်မှာ မထင်မှတ်တဲ့ အရွေ့တွေ ဖြစ်လာတယ်။ အဲမထင်မှတ်တဲ့ အရွေ့ကနေ ရှမ်းမြောက်ဒေသ တစ်ခုလုံးကို ၁လခွဲ ၂လခွဲလောက်မှာဖြစ်သွားလောက်မယ့် အနေအထား တစ်ခုကို တစ်ခါမှတောင် မတွေးမိဘူး။ တပ်တွေ အစုလိုက် အပြုံလိုက် လက်နက်ချတဲ့ဟာမျိုးတို့ အဲတာမျိုးကို ကျွန်တော် တစ်ခါမှ မတွေးမိဘူး။ ဒီနှုန်းအတိုင်းဆက်သွားမယ်ဆိုရင်တော့ သိမ်မကြာတော့ဘူး။ ဘာဖြစ်လို့ သိပ်မကြာတော့ဘူးလည်းဆိုတော့ အလွန်ဆုံး ၂ နှစ်လောက် အတွင်းမှာတော့ အပြောင်းလဲတစ်ခု ဖြစ်မယ်လို့တော့ ထင်တယ် အလွန်ဆုံး ၂ နှစ်လောက်ပေါ့။ ဒီထက်ပိုကြိုးစားပြီးတော့ ဒီထက်ပိုပြီးတော့ စုစည်းညီညွတ်မှုတို့ ဟန်ချက်ညီမှုတို့ ဟန်ချက်ညီမှုဆိုတာ ဒီဘက်က တိုက်တယ်။ ဒီဘက်က ပမ်းနေပြီး ဒီဘက်က အနားပေးပြီးတော့ နွှဲအုန်းမယ် နွှဲကျ အဲအဖွဲ့က ပမ်းသွားပြီး နောက်ထပ် တစ်ဖွဲ့က ဆက်ပြီးတော့ နွှဲကျမယ် နွှဲကျ အဲလိုပုံစံမျိုးဆိုရင်တော့ အရမ်းကြီးမကြာဘူးလို့ ထင်တယ်။ အဓိကကတော့ ဟန်ချက်ညီညီနဲ့ တိုင်ပင် ခေါ်ပေးဖို့ လိုတာပေါ့။ တစ်နေရာတည်းက တိုင်ပင်ခေါ်ပေးပြီး ဘယ်အဖွဲ့ လှုပ်မယ်ဟေ့ ချကျ ခဏနားလိုက်ကျ ဘယ်အဖွဲ့လှုပ်မယ်ဟေ့ချကျ အဲတာဆိုရင် ဒီထက်ပိုပြီး မြန်မယ်ထင်တယ် ၂ နှစ်မကြာလောက်ဘူးထင်တယ်” ဟု ၎င်းက ပြောဆိုသည်။
ဒုတိယဗိုလ်မှူးကြီးသက်အောင်သည် သံဘိုကျေးရွာစခန်းသို့ စစ်ကြောင်းမှူးအနေဖြင့် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း၊ ရောက်ရှိသည့်အချိန်မှစ၍ ခံစစ်ပြင်ဆင်မှုလုပ်ငန်းများကို အတွေ့အ ကြုံရှိသော ခြေလျင်တပ်ရင်းမှ လက်အောက်ငယ်များ၏ အကြံပြုချက်ဖြင့်လိုက်ပါလုပ်ဆောင်ခဲ့ ကြောင်း သိရသည်။
“ကျွန်တော်သံဘိုကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။ စစ်ကြောင်းမှူးအနေနဲ့ သံဘိုကို ရောက် ရှိခဲ့ပါတယ်။ ရောက်ရှိတဲ့အချိန်မှာ ကျနော်နားလည်သမျှ ခံစစ်ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ ဘန်ကာလုပ်တာတို့ဘာတို့ တတ်နိုင်သမျှတော့လုပ်ခဲ့ပါတယ်။ အဓိကတော့ ကျနော်သည် စစ်ဆင် ရေး အတွေ့အကြုံမရှိတဲ့အတွက် လက်အောက်ကို ကျနော်အာဏာဖြန့်ဝေခြင်းအားဖြင့် ဒီခံ စစ်ကို ဆောင်ရွက်ခဲ့ပါတယ်။ လက်အောက်မှာရှိတဲ့ခြေလျင် အတွေ့အကြုံရှိတဲ့သူတွေကို ခေါ်လိုက်တယ်။ အတွေ့အကြုံရှိတဲ့သူတွေကို မေးလိုက်တယ်၊ ဘာလုပ်သင့်သလဲ ဆိုတာကို သူတို့က အကြံဉာဏ် ပေးတယ်။ အဲဒီအတိုင်းပဲ ကျနော် လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။” ဟု ဒုတိယဗိုလ်မှူးကြီးသက်အောင် ကပြောကြားသည်။
ထို့အပြင် တပ်ရင်စုဖွဲ့မှုကို တပ်မတော်အုပ်ချုပ်ရေးအကူအတတ်သင်ကျောင်း၊ မိုင်တိုင် ၃၀ ရှိ တပ်မ တော်လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာသင်တန်းကျောင်း၊ တပ်မတော်ဆက်သွယ်ရေးနှင့် အီလက်ထ ရောနစ်သင်တန်းကျောင်း စသည့်သင်တန်းကျောင်းသားများဖြင့် ဖွဲ့စည်းခဲ့ပြီး တပ်ရင်းတစ်ခုလုံးက လည်းစုပေါင်းစပ်ပေါင်းဖွဲ့စည်းထားရသဖြင့် အခက်အခဲများစွာကြုံတွေ့ခဲ့ရကြောင်း ၎င်းက ဆက် လက်ရှင်းပြသည်။
“စုဖွဲ့မှုအနေနဲ့ အဓိကတော့ သင်တန်းသားတွေနဲ့ဖွဲ့စည်းတယ်။ သင်တန်းသားတွေဆိုတာ ဘယ်က သင်တန်းသားတွေလည်းဆိုတော့ တအခမှာရှိတဲ့ တပ်မတော်အုပ်ချုပ်ရေးအကူ အတတ်သင် ကျောင်း ဆိုတဲ့ သင်တန်းသားတွေ ရယ်၊ ကျနော်တို့ ဟိုးအောက်မှာရှိတဲ့မိုင်တိုင် ၃၀ မှာရှိတဲ့ တပ်မ တော်လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာကျောင်းဆိုတဲ့ ကျောင်းကသင်တန်းသားတွေနဲ့ အဓိကဖွဲ့စည်း ခဲ့ပါ တယ်။ နောက်တစ်ခုအနေနဲ့ ကျနော်တို့ ဟိုဘက်မှာရှိတဲ့ အဖွဲ့တစ်ဖွဲ့မှာ ကျဘာတွေရှိလည်း ဆိုတော့တပ်မတော် ဆက်သွယ်ရေးနဲ့ အီလက်ထရောနစ်ကျောင်းဆိုတဲ့ တစအ ကအဖွဲ့တွေနဲ့ ဖွဲ့ စည်းခဲ့ပါတယ်။ အဲဒါအပြင်ဘာတွေပါ ပါလဲဆိုလို့ရှိရင် ကျနော်တို့ တပ်နယ်ကနေပြီးတော့ ဥပမာ ထားပါတော့ စစ်တက္ကသိုလ်ဆိုရင် ၇ ယောက်၊ တနတဆိုရင် ၅ ယောက်အဲလိုဖွဲ့စည်းထားတဲ့အဖွဲ့ လေးတွေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။” ဒုတိယဗိုလ်မှူးကြီးသက်အောင်ကပြောဆိုသည်။
တပ်ရင်းသို့ရောက်ရှိလာသူများမှာ နေရာဒေသအသီးသီးမှဖြစ်ပြီး ပုံမှန်စုဖွဲ့မှုမရှိပဲ အချို့တပ်များသည် တစ်လတစ်ခါ ချိန်းသွားကာ အချို့သူများမှာ လေးငါးလ ကြာသည်အထိပြောင်းလဲပေးခြင်းမရှိသဖြင့် လက်အောက်ငယ်သားများမှာ စိတ်ဓာတ်ကျဆင်းမှုရှိကြောင်း သိရသည်။
“လူအများစုဆိုတော့နေရာဒေသအသီးသီးက လာတာဆိုတော့ ပုံမှန်စုဖွဲ့မှုအရ တော့အများကြီး အားနည်းပါတယ်။ ပြီးတော့ ဘာတွေဖြစ်လာလဲဆိုတော့ တစ်ချို့ဟာတွေမှာ ကျတော့ တပ်တွေက မတူဘူး၊ တပ်တွေကမတူတဲ့အပြင်ခေါင်းပေါင်း ဆိုတဲ့ခေါင်းဆောင်တွေကလည်း တခြားနေရာတွေက လာတဲ့သူ ၊ခေါင်းဆောင်တွေကလည်း သင်တန်းသားတွေများတယ်၊ နောက်တစ်ခါခေါင်းဆောင် တွေ မှာ လည်းအဲလို လဲတဲ့ဟာတွေရှိတယ်၊ နေရာလဲတဲ့ဟာတွေရှိတယ်၊ နေရာလဲဟာတွေကျတော့လဲ သူ အလျဉ်း သင့်သလိုလဲကြ၊အဲဒါဆိုတာ့ တပ်ကတစ်ခါမှတည်ငြိမ်မှုမရခဲ့ဘူး။ အဓိကတော့ စိတ်ဓာတ် အခြေ အနေက ဘာလဲဆိုတော့ တစ်ချို့တပ်တွေကြတော့ တစ်လတစ်ခါလဲတယ်။ တစ်ချို့တပ် တွေ ကျတော့ လေးငါးခြောက်လ နေတာတောင်တစ်ခါမှမလဲဘူး။ မလဲတဲ့အခါကြတော့ ဘာဖြစ်ချင်လဲ ဆို တော့ သူတို့ရဲစိတ်ထဲမှာ အများစုက လုံခြုံရေးချိန်းချင်ကြတယ်လေ၊ သံဘိုမှာမနေချင်ကြဘူး။ သံဘို မှာ မနေချင်ကြပဲနဲ့ နောက်ကိုပဲပြန်ချင်ကြတယ်။ တော်တော်များများရဲ့စိတ်ကအဲဒါမျိုးပဲဖြစ် နေ တယ်၊” ဟု ဒုတိယဗိုလ်မှူးကြီးသက်အောင်က ရှင်းပြသည်။
ထို့အပြင် စစ်ကောင်စီတပ်သားများအနေဖြင့် တိုက်ခိုက်လိုစိတ်နည်းပါးသည့်အပြင် စစ်ရေးအတွေ့အ ကြုံမရှိကြသဖြင့် အမှန်တကယ်တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် သေနတ်ပင်မပစ်ရဲကြဟု ဆိုသည်။
“တိုက်လိုခိုက်လို စိတ်လဲမရှိကြဘူး။ အဲဒီအချိန်မှာဘာဖြစ်လဲဆိုတော့တစ်လလောက်ပဲ နေရတဲ့အဖွဲ့ က ကျတော့ ခဏခဏချိန်းနေတယ်၊အဲဒီအချိန်မှာ လေးလလောက်ကြအောင်မချိန်းရတဲ့ အဖွဲ့ကျ တော့ အဲဒီအဖွဲ့က သူ့ရှေ့မှာတင်တစ်ခြားတပ်တစ်တပ်က လေးငါးခြောက်ခါလဲနေတဲ့အချိန်မှာ သူက မပြန်ရသေးဘူး ဆိုတော့စိတ်ဓာတ်ကျဆင်းမှုတွေ စပြီးတော့ဖြစ်ပေါ်လာတယ်၊ အဓိကဖြစ်တဲ့ဟာ တော့ အဲဒါပဲ၊ စိတ်ဓာတ်အခြေအနေ တော်တော်များများက တိုက်ခိုက်ရေးအတွေ့အကြုံမရှိပဲနဲ့ စု ပေါင်းစပ်ပေါင်းခေါ်တာပေါ့ဗျာ။ စုပေါင်းစပ်ပေါင်းအဖွဲ့တွေနဲ့ကျတော့ ဘယ်သူကဘာလုပ်လို့ လုပ် မှန်း လဲမသိ၊ ဘယ်သူက ဘယ်အရည်အချင်းရှိလို့ရှိမှန်းလဲမသိ၊ ဘယ်သူကတိုက်ရည်ခိုက်ရည်နဲ့ ပတ် သက်လို့ ဘယ်လိုရှိလို့ရှိမှန်းလည်းမသိ အဲလိုမျိုးနဲ့အဓိက အခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ်။ အဓိက အရေးကြီးဆုံးအခက်အခဲကတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ သေနတ်ပစ်ရဲအောင်ကို မနည်းကို စုစည်းပြီးတော့ လုပ်ဆောင်ခဲ့ရတယ်၊ အဲဒီအခက်အခဲလေးတော့ အဓိကရှိခဲ့ပါတယ်။” ဟု ဒုတိယ ဗိုလ်မှူးကြီးသက်အောင်က ပြောကြားသည်။
ဇန်နဝါရီလ ၃ ရက် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင် စီတပ်စခန်းကို TNLA နှင့် မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီးသက်အောင်ကို အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။