32 C
Yangon

ဘီးလင်းတွင် လက်နက်ကိုင်ဆောင်ထားသော ပျူစောထီးခေါင်းဆောင် ဉာဏ်ထွန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာတွင် လက်နက်ကိုင် ဆောင် ထား သော ပျူစောထီးခေါင်းဆောင် ဉာဏ်ထွန်း(ခ) ဦးပေါ ပစ်ခတ်ခံရပြီး သေ ဆုံး သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း -၇၈၀၅၊ တပ်ခွဲ-၄၊ UG က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန် မွန်ပြည်နယ် ၊ ဘီးလင်း မြို့နယ် ၊ ဇွဲကလာကျေးရွာမှ လက်နက်ကိုင်ဆောင်ထားသော ပျူစောထီး ခေါင်း ဆောင် လည်းဖြစ်၊ ဘုရားအလှူငွေများကို ကိုယ်ကျိုးအတွက်သာသုံး၍ အလွဲသုံးစားလုပ်နေသည်ဟု သတ်မှတ်ခံထားရသော အသက် ၅၀ ကျော်ဝန်း ကျင် ဉာဏ်ထွန်း (ခ) ဦးပေါ သည် ဇုတ်သုတ်ကျေးရွာမှ ဇွဲကလာကျေးရွာ ရှိနေအိမ်သို့ Honda Fitကားအမျိုးအစားဖြင့်ပြန်လာစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တပ်ရင်း-၇၈၀၅ ၊ တပ်ခွဲ-၄ က ပျူစောထီး ခေါင်းဆောင် ဉာဏ်ထွန်း(ခ) ဦးပေါကို ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ပစ်ခတ်ခံရသူ ပျူစောထီးခေါင်းဆောင် ဉာဏ်ထွန်း(ခ) ဦးပေါသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ၎င်းကိုင်ဆောင်ထားသော လက်နက်ကို ကောက်ယူရန် ကြိုးစာခဲ့သော်လည်း အခြေအနေတစ်ခုကြောင့် ရယူနိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #HondaFit

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article