28 C
Yangon

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီး၊ စစ်တပ်က ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီးကာ စစ်တပ်က ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း KNU ဗဟိုထံမှ သိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၄ လုံး ပျက်စီးကာ နေအိမ်ကို ပစ္စည်းပြန်ယူသည့် နတ်သံကွင်းမြို့မှ ပြည်သူ ၁ ဦး ကိုလည်း အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် နတ်သံကွင်းမြို့တွင် နေထိုသည့် တီးမောင်ယေားလာ သည် နေအိမ်ရှိ ပစ္စည်းများ ပြန်ယူစဥ် အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး လက်ရှိချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရှိရသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် လိန်ပင်ဝဲကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၁၂၀ မမ ၃ လုံး ပစ်ခတ်ခဲ့ရာ လိန်ပင်ဝဲကျေးရွာ ဖိုးအင်ကုန်းမှ ဒေသပြည်သူ ၂ ဦး ကျည်စထိမှန် ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရသူ ၂ ဦးမှာ မောင်ကျော်ဝင်းလွင် ၄၁ နှစ်၊ မောင်လုံးပု ၁၅ နှစ်တို့ဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် ဝါချဲကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၁၂၀ မမ ၃ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ဝါချဲကျေးရွာမှ စောဖိုးလောရေ၏ နေအိမ်ပေါ်ကို ကျရောက် ပေါက်ကွဲပြီး စောဖိုးလောရေ ၄၂ နှစ်လည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article