35 C
Yangon

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းအလိုက် ဘက်ပြောင်း ခိုလှုံမှုများကို ညှိုနှိုင်းသဘောတူညီမှုရရှိထားပြီး စတင် အကောင်အထည် ဖော် တော့မည်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းအလိုက် ဘက်ပြောင်း ခိုလှုံမှု များ ကို ညှိုနှိုင်းသဘောတူညီမှုရရှိထားပြီး မြို့နယ် အချို့၌ စတင် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNDF ဗဟို သတင်း နှင့်ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ကရင်နီပြည်နယ်အတွင်း၌ တစ်ပြိုင်တည်း စုပေါင်းဘက်ပြောင်းမှု အစီအစဥ် တစ်ရပ် ကို အကောင် အထည် ဖော်ဆောင်လျက်ရှိပြီး ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်း အချို့မှတာဝန်ရှိ သူများ နှင့် ဘက်ပြောင်းရေးနှင့် စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူမှု များ ရရှိထားပြီးဖြစ်ကြောင်း၊ သို့ဖြစ် ပါ၍ မကြာမီတွင် တပ်ရင်းအလိုက်ဘက်ပြောင်းမှုများကို ကရင်နီပြည် မြို့နယ်အချို့ တွင် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိတော်လှန်ရေးဟာ စနစ်ပြောင်းတော်လှန်ရေးဖြစ်တယ်ပေါ့၊ အောက်ခြေတပ်သားတွေကို တိုက်ခိုက်ချင်တာမဟုတ်ဘူး၊ အဓိကတော့ အာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့ စစ်ခေါင်းဆောင်တစ် ချို့ကို ဖြုတ်ချပြီး တော့မှ ပြည်သူတွေရော၊ နောက်ပြီးတော့ ဒီနိုင်ငံမှာရှိတဲ့ စစ်သား တွေအပါ အဝင် ဝန်ထမ်းတွေအားလုံး အကျိုးရှိမယ့် စနစ်သစ်တစ်ခုကို သွားချင်တာ ဖြစ်တဲ့အတွက် ဒီတော်လှန်ရေး ကို ဆင်နွှဲရခြင်းဖြစ်တယ်ပေါ့၊ ဒါ့ကြောင့်မို့လို့ ဒီစနစ်ပြောင်းတော်လှန်ရေးမှာ စစ်သားတွေရော၊ လုံခြုံ ရေးတပ်ဖွဲ့တွေအားလုံး ပြည်သူ့ဘက်ကို ဘက်ပြောင်းပြီးတော့မှ ပြည်သူနှင့်အတူ စနစ်သစ် နိုင်ငံ သစ်၊ ပိုကောင်းတဲ့စနစ်သစ်၊ နိုင်ငံသစ်ဖက်ဒရယ်ပြည်ထောင်စု သစ်တည် ဆောက် ရေးမှာ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။” ဟု KNDF ဗဟို သတင်း နှင့်ပြန်ကြားရေးဌာနက တာဝန်ရှိသူ က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ထိုသို့ ဘက်ပြောင်းလိုသူများကို ဘက်ပြောင်းရေးအစီအမံအရ ၄င်းတို့ လက်ရှိ ရာထူးရာခံများ အတိုင်း တော်လှန်ရေး အစိုးရဘက်တွင် ပြန်လည် ထမ်းဆောင် ရန် စီမံဆောင်ရွက်ပေးလျက်ရှိပါ ပြီး မိသားစု များအလိုက် ဖြစ်စေ တပ်ရင်း အလိုက် ဖြစ်စေ ဘက်ပြောင်းလာသူများကို ဘက်ပြောင်းရေး အစီအမံ အတိုင်း အထူးအကျိုး ခံစားခွင့်များကို စီမံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း အာမခံချက် ပေး ထား သည်။

ထို့ကြောင့် ကရင်နီပြည်အတွင်း နှစ်ရှည်လများစွာ တပ်ရင်းများအတွင်း မိသားစု များနှင့်အတူ အခြေချ နေထိုင်ကြသော ခြေမြန်၊ ခြေလျင်နှင့် အမြောက် တပ်ရင်းများမှ စစ်ကောင်စီတပ်သားများ အနေဖြင့် ကရင်နီ ပြည်သူများနှင့် အတူရပ်တည်ပြီး အာဏာရှင်အားဆန့်ကျင်ရန်နှင့် တပ်ရင်း အလိုက်၊ မိသားစု များအလိုက် ကရင်နီပြည်သူ့ဘက်သို့ ဘက်ပြောင်းကြရန် ဆက်လက်တိုက်တွန်းထားသည်။

ကရင်နီပြည်နယ်သို့ ၂၀၂၁ ခုနှစ် နှစ်လယ် နောက်ပိုင်း စစ်ဆင်ရေးများ ဆောင်ရွက်ရန် ရောက်ရှိလာ သော တပ်မ ၆၆ ၊ တပ်မ ၅၅ လက်အောက်ရှိ စစ်ကောင်စီ တပ်ရင်းများသည် တော်လှန်ရေးတပ်ဖွဲ့ များ ၏ တန်ပြန် တိုက်ခိုက်မှုများကြောင့် တပ်ရင်းအလိုက် ထိခိုက် ကျဆုံးမှုများဖြင့် တပ်မများ ဖွဲ့ စည်းပုံပျက်ကာ အင်းအားချည့်နဲ့လျက်ရှိကြောင်း၊ ၁၁.၁၁ စစ်ဆင်ရေးအတွင်း အဆိုပါ တပ်မများမှ လှုပ်ရှားစစ်ကြောင်းများ၊ စစ်ကူစစ်ကြောင်းများမှာလည်း ထပ်မံခြေမှုန်းခံရကာ အများအပြားသေဆုံး ပြီး လက်နက်ချ အညံ့ခံသူများနှင့် ဖမ်းဆီးခံရသူများမှာလည်း ဦးရေ ရာဂဏန်း နီးပါးရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ တပ်မ ၆၆ ၊ တပ်မ ၅၅ လက်အောက်ရှိ တပ်ရင်းများသည် ကရင်နီပြည် အတွင်း အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်မှု၊ ပြည်သူ့အိုးအိမ်စည်းစိမ်များ အား မီးရှို့ဖျက်စီးမှု စသော စစ်ရာဇဝတ်မှု များ ကို ကျူးလွန်သူများဖြစ်သဖြင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ၄င်းတို့အား အပြီးသတ် ချေ မှုန်းရန် ယတိ ပြတ် မူဝါဒချမှတ်ထားပြီးဖြစ်သော်လည်း တိုက်ပွဲနယ်မြေများအတွင်း လက်နက်ချ အညံ့ခံ သူများကို စစ်သုံ့ပမ်းအဖြစ် နိုင်ငံတကာဥပဒေများနှင့်အညီ ကောင်းမွန်စွာ ဖမ်းဆီးထိန်းသိမ်း ထားကြောင်း အသိပေးထားသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KNDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article