ရန်ကုန်၊ ဇန်နဝါရီ ၂၅
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ မြို့ရှောင်လမ်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကားကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၁ 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျောက်ဆည်မြို့ မြို့ရှောင်လမ်းရှိ မီးပွိုင့်တွင်ရပ်ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကားကို
မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကာ ကားလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
” ကျောက်ဆည်မြို့ မြို့ရှောင်လမ်းပေါ်က မီးပွိုင့်မှာ ရပ်ထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ လိုက်ပါလာတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ကားလည်း စုတ်ပြတ်သွားတယ်။ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ကောင်သေဆုံးတယ်။ ၅ ကောင် ဒဏ်ရာရသွားတယ်” ဟု မြင်းခြံခရိုင် တပ်ရင်း ၁ 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် ရင်း၁ 27 Revolution Forces ၊ Justic Warror Forces ၊ အောင်သပြေညီနောင် ၊ ကျောက်ဆည် PDF ၊ Tiger Brother မြစ်သား PDF နှင့် မြင်းခြံမြို့နယ် ပကဖ တို့က ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် Express ကားဖြင့် တင်ဆောင်လာသော စစ်လက်နက် ပစ္စည်းများ သယ်ဆောင်နေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၅ ဦးသေဆုံးခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၂ နာရီခန့်တွင် တောပုပျူစောထီးရွာမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အင်အား ၂၂ ဦးသည် တောပုပျူရွာ အရှေ့ဘက် မုံရွာ-ချောင်းဦး လမ်းပိုင်းပေါ် သေနတ်များ ပစ်ဖောက်ကာ မုံရွာ နမခ မှ စစ်လက်နက်ပစ္စည်းများ သယ်ဆောင်လာသော Express မှန်လုံကားကို စောင့်ကြိုနေစဥ် ယင်း Express ကားသည် တော်လှန်ရေး တပ်ဖွဲ့များ မိုင် ၄ လုံးတွဲ ထောင်ထားသည့် နေရာ၌ ရပ်တန့်ကာ ပစ္စည်းများ သယ်ယူနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းဖောက်ခွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ လက်ရှိချိန်တွင် ချောင်းဦးဆေးရုံ ရင်ခွဲရုံ၌ အလောင်းများ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရှိရသည်။
“ဒဏ်ရာတဲ့ ၅ ကောင်က သေသွားပြီတဲ့ ချောင်းဦးဆေးရုံ ရင်ခွဲရုံထဲရောက် သွားပြီလို့ သိရတယ်။ တောပုရွာ အဝင် လမ်း လက်နက် ပစ္စည်းအတင်အချလုပ်နေတဲ့အချိန် မိုင်းဆွဲလိုက်တာပါ၊ လက်နက်တွေချပြီးတော့ကားက တော့ပြန်လှည့်သွားပြီ” ဟု Area71 PDF Monywa အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို Area 71 PDF Monywa အဖွဲနှင့် ANYAR DEFENCE FORCE PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution