27 C
Yangon

မတ္တရာမြို့နယ်တွင် စစ်တပ် ကင်းပုန်း စခန်းကို မိုင်းခွဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး၊ အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မတ္တရာမြို့နယ်တွင် စစ်တပ် ကင်းပုန်း စခန်းကို မိုင်းခွဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး၊ အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း ကင်းပုန်း စခန်းတစ်ခုကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မတ္တရာမျိုးမှန် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၃ ရက် ည ၂၀ နာရီခန့်က မတ္တရာမြို့နယ်၊ မန္တလေး -မိုးကုတ်လမ်းမကြီးအရှေ့ ကျောက် တံတားကျေးရွာအနီး မန္တလေးတူးမြောင်း(ဒေသအခေါ် ချောင်းမကြီး) အနောက်ဘက်ဘောင်ပေါ်ရှိ စစ်ကောင်စီကင်းပုန်းစခန်းတစ်ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခန်းအတွင်းရှိ စစ်ကောင်စီတပ်သား ၆ ဦး အနက် ၂ ဦးသေဆုံးပြီး ၁ ဦး ပေါင်တဖက်ပြတ် အပြင်းအထန်ဒဏ်ရာနှင့် ကျန် ၃ ဦးအသေးစား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပါဆယ်မိုင်းချပြီးတော့ မိုင်းခွဲတိုက်ခိုက်ခဲ့တာ၊ သေဆုံးဒဏ်ရာရတဲ့သူတွေကို ချောဆွဲထားတဲ့ကား တွေနဲ့ ညတွင်းချင်းပဲ မတ္တရာဆေးရုံကို ပို့လိုက်တယ်၊ ၂၄ ရက်နေ့ မနက် ၈ လောက်ကျတော့ မတ္တရာ မြို့ပေါ်မှာရှိတဲ့ စကစတွေက မိုင်းကွဲတဲ့နေရာကို လာရောက်စစ်ဆေးတယ်၊ စစ်ဆေးရင်းနဲ့ ကျောက် တံတားကျေးရွာမှာက လူတွေမနေတဲ့ ဒီလိုမျိုးမိုင်းခွဲခံရတာဖြစ်တယ်ပေါ့၊ အဲဒါကြောင့် ၇ ရက် အတွင်းရွာထဲကို ပြည်သူတွေပြန်ဝင်နေရမယ်၊ မနေရင် မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်လို့ သိရတယ်” ဟု မတ္တရာမျိုးမှန် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမျိုးမှန်တပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခု တိုက်ခိုက်မှုသည် ဇန်နဝါရီလ အတွင်း ၂ ကြိမ်မြောက် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ္တရာမျိုးမှန် တပ်ဖွဲ့အနေ ဖြင့် ယနေ့အချိန်အထိ စစ်ဆင် ရေး ပေါင်း ၉၇ ခုကို ဖော်ဆောင်ထားနိုင်ခဲ့ကာ စစ်ကောင်စီတပ်သား ၂၅၂ ဦးကျော် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၅ နေ့ရက် ၁၂ နာရီခန့်တွင် အရာတော်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမတ ၃၆၉ တပ်ရင်း စခန်းကို အင်အားဖြည့်တင်းထားသည့် အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ‌ နေထိုင်ရာ ဗဟိုကင်း အဆောင်ကို ၁၂၀ မမ ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင်လည်း ၃၆၉ တပ်ရင်း စခန်းအတွင်းရှိ အနောက်ထွက် ကင်းစခန်းကို ၁၂၀ မမ ဗုံးသီး ၁ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force နှင့် Ayadaw Rocket ဦးဆောင်၍ အရာတော်မြို့နယ်၊ တိုက်နယ် အမှတ်‌ (၄) ရဲဘော်များ၊ မိုင်းမင်းသား ပြောက်ကျားအဖွဲ့၊ Danger force ၊မုံရွာခရိုင် တပ်ရင်း (၁၉) တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article