25.7 C
Yangon

တောင်ကိုရီယား ဆိုးလ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံသံရုံးရှေ့တွင် ဆန္ဒပြပွဲ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

Must read

တောင်ကိုရီယား ဆိုးလ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံသံရုံးရှေ့တွင် ဆန္ဒပြပွဲ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၂၈

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ စစ်ကောင်စီလက်အောက်ခံ သံရုံးရှေ့တွင် ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့တွင် နွေဦးတော်လှန်ရေး ၃-နှစ်ပြည့် အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ရေးနှင့် သွေးစွန်းငွေ အခွန်ဆက်ကြေးမပေးရေး ဆန္ဒပြပွဲ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆန္ဒပြပွဲကို စစ်အာအာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)က စီစဉ်ပြီး တော်လှန်ရေး အဖွဲ့အစည်းများ၊ ကိုရီးယားအဖွဲ့အစည်းများ အင်အား ၂၅၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း၊ စစ်ကောင်စီသို့ အခွန်မပေးရေး လူထုကင်ပိန်းကို အဓိက ဖော်ဆောင်ကြရာတွင် မင်းအောင်လှိုင် အမိန့်ကို လုံးဝဆန့်ကျင်ကြောင်း၊ အခွန်မပေးသဖြင့် ပတ်စပို့သက်တမ်း မတိုးပေးလျှင် အိမ်မပြန်ဘဲ နေမည် ဖြစ်ကြောင်း ရှင်းလင်းချက်များ ပိုစတာများဖြင့် ထုတ်ဖော်ကန့်ကွက်ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article