ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီးကုန်းကုန်းတံတားအောက်၊ ယာဉ်းထိန်းရဲကင်းတွင် ယနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ရန်ကုန် UG တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“မြေနီကုန်း၊ ကုန်းတံတားအောက်က ယာဉ်ထိန်းရဲကင်းကို ဖောက်ခွဲခဲ့ပါတယ်။ အထိအခိုက်တော့မသိရသေးဘူး။ အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့တာပါ” ဟု တော်လှန်ရေးရဲဘော်က ရှင်းပြသည်။
အဆိုပါ ယာဉ်ထိန်းရဲကင်းတွင် ယာဉ်ထိန်းရဲနှင့် စစ်သားတချို့ လုံခြုံရေးယူလေ့ရှိသော်လည်း ယနေ့ ဗုံးပေါက်ကွဲချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေခြင်း ရှိ၊ မရှိ မသိရသေးပေ။
စမ်းချောင်းမြို့နယ်မှ ပြည်သူများကလည်း ယနေ့ မွန်းလွဲပိုင်း တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ – မြေနီကုန်း ကုန်းတံတားအောက်ရှိ ယာဉ်ထိန်းရဲကင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- EMG
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
