25 C
Yangon

မြင်းခြံမြို့နယ်၊ ကံစွယ်ရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီး၊ ပြည်သူပိုင်‌ ရွှေ၊ ငွေများနှင့် ငွေကျပ် သိန်း ၄၀၀ ကျော်ကို စစ်သားများက ခိုးယူသွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကံစွယ်ရွာကျေးရွာမှ ပြည်သူ ၅ ဦးကို အကြမ်းဖက် စစ်တပ်က ပစ်သတ်ဖြတ်ခဲ့ပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ရွှေ၊ ငွေနှင့် ငွေကျပ် သိန်း ၄၀၀ ကျော်ကို စစ်သားများက ခိုးယူသွားကြောင်း နွားထိုးကြီးမြို့နယ်သတင်းတာဝန်ခံက ရန် ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၅ ရက် နံနက်အစောပိုင်းက မြင်းခြံမြို့နယ်၊ ကံစွယ်ကျေးရွာအတွင်းသို့ အကြမ်းဖက် စစ် ကောင်စီတပ်သားများက ဝင်ရောက်လာခဲ့ပြီး ကျေးရွာနေ ပြည်သူ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ပြည်သူများ ၂၀၀ ခန့်ကို ဓားစာခံဖမ်းဆီးပြီး ဘုန်းကြီးကျောင်းအတွင်း ပိတ်လှောင်ကာ လူသားဒိုင်းသဖွယ်အသုံးပြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ခံရ မည့်ကို အကာအကွယ်ယူခဲ့ကြောင်း သိရသည်။

“ပျိုးကန်ကျေးရွာထဲ ဝင်လာပြီး ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ၄၀ မမ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့အချိန်မှာ ရွာသားတွေကို ဖမ်းဆီးပြီး ဘုန်းကြီးကျောင်းထဲမှာ အတူတူ ပိတ်လှောင်ထားတာ၊ လူသားဒိုင်းလုပ်ထားတာပေါ့၊ ဒီနေ့(ဖေဖော်ဝါရီလ ၆ ရက်) မနက် တော့ ကံဆွယ်ရွာက နေအိမ် ၃ လုံးကို မီးရှို့တယ်၊ ပြီးတော့ နနွင်းတော်ဘိုးကျေးရွာထဲဝင်ပြီး အမျိုး သ မီးတွေဆီကနေ ရွှေ၊ ငွေ၊ လက်ဝတ်၊ လက်စားတွေကို အတင်းချွတ်ယူသွားတယ်၊ ပြီးတော့ အိမ် တစ် အိမ်ထဲမှာ ရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ကျော်ကိုလည်းယူသွားတယ်၊ နနွင်းတော်ဘိုးကျေးရွာ တစ် ရွာ တည်းကပဲ သိန်းတစ်ထောင်ကျော် ပါသွားတာ” ဟု နွားထိုးကြီးမြို့နယ်သတင်း တာဝန်ခံက ရန်ကုန် ခေတ် သစ် သတင်းဌာန ထံသို့ ပြော ကြားသည်။

ထိုသို့ ပြည်သူနေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ရွှေ၊ ငွေများကို မတရားလုယူသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားသည် နနွင်းတော်ဘိုးကျေးရွာမှ တဆင့် မြင်းခြံမြို့ပေါ်သို့ ထွက်ခွာ ကြောင်း၊ ကံစွယ်ကျေးရွာအတွင်း ရောက်ရှိနေထိုင်စဉ်ကလည်း ပျိုးကန်ကျေးရွာ အတွင်းသို့ ၆၀ မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပျိုးကန်ကျေးရွာနေ ပြည်သူများလည်း လေးလွတ်ရာ ထွက် ပြေးတိမ်းရှောင်နေရခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article