32 C
Yangon

ဘောလခဲမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ၁၂ မိုင်ကုန်း စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု Jammer စက် အပါအဝင် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ဘောလခဲမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ၁၂ မိုင်ကုန်း စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု Jammer စက် အပါအဝင် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ၁၂ မိုင်ကုန်း စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ Jammer စက် တစ်လုံး အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Force for Federal Democracy-FFD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်၍ ဘောလခဲမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး Jammer စက် ၁ လုံးအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်၊ ဗုံးသီးမျိုးစုံ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

“မြေပြင်ရဲဘော်တွေနဲ့ အဆက်အသွယ်ကောင်းကောင်းမရသေးလို့ဗျ၊ စစ်ကောင်စီဘက်က အထိ အခိုက်အကျဆုံးကိုတော့ အတည်ပြုလို့မရသေးဘူး၊ ထွက်ပြေးလွတ်မြောက်သွားသူတွေလည်းရှိနိုင် ပါတယ်။ သေချာတော့ အတည်ပြုလို့မရသေးဘူး”ဟု Force for Federal Democracy-FFD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို Force for Federal Democracy- FFD Drone တပ်ဖွဲ့နှင့်အတူ မဟာမိတ် တပ်ဖွဲ့များဖြစ်သော ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး(ကလလတ)၊ ဘော်လခဲ PDF တပ်ဖွဲ့များ နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုများက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း Force for Federal Democracy- FFD Drone တပ်ဖွဲ့မှ Drone ဖြင့် ဗုံးသီး စုစုပေါင်း ၄၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ၊ FFD Drone တပ်ဖွဲ့သည် ဆီဆိုင်မြို့တွင်လည်း မဟာ မိတ် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စစ်ရေးလှုပ်ရှားမှုများပြုလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article