32 C
Yangon

လောင်းလုံးမြို့နယ်တွင် စစ်သင်္ဘော ၁ စီးနှင့် ကျောက်နီမော်ရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သာ ၅ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၁ စီးနှင့် ကျောက်နီမော်ရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သာ ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် ပင်လယ်ပြင်မှ ထားဝယ်မြစ်ဝကိုဖြတ်၍ မြစ်ကြောင်းအတိုင်း ဝင်လာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ရေတပ် စစ်သင်္ဘောနံပါတ် 423 ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF လိပ်ပြာတပ်စု (လောင်းလုံး-ပကဖ) နှင့် ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ (FPF) တို့က ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်သင်္ဘောက မြစ်ကြောင်း တလျှောက်နှင့် မြစ်ကမ်းနံဘေးရှိ ကျေးရွာများကို စက်သေနတ်များ ၊လက်နက်ကြီး အလုံးပေါင်း ၁၅ လုံး ထက်မနည်း ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ထွက်ပြေးသွားကြောင်း၊ ဗုံးသီးချ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ထိပ်ပိုင်း ထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦးခန့် ပြင်းထန် ထိခိုက် ဒဏ်ရာရကြောင်း သိရှိရသည်။

အဆိုပါ စစ်သင်္ဘောသည် ဇန်နဝါရီလ ၃၀ ရက်နေ့က လောင်းလုံးမြို့ပေါ် တိုက်ပွဲအတွင်း အနောက်ဘက် ပင်လယ်မှနေ၍ ရေကြောင်း ပစ်ကူဖြင့် လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၂ နာရီခန့်တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက ကျောက်နီမော်ရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့်ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဗုံးသီးများ စခန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ၎င်းတိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိ ပျူစောထီးနှင့် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“သင်္ဘော တိုကိခိုက်မှုမှာတော့ စစ်ခွေး ၅ ဦး ဒဏ်ရာရတာပဲ သိရတယ်။ ကျောက်နီမော် ပျူစောထီး စခန်းမှာတော့ စစ်ခွေး သေဆုံးမှု စာရင်း စုံစမ်းနေဆဲပဲ” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အချိန်မရွေး နေရာမရွေး တိုက်ပွဲ များဖြစ်ပေါ်လာနိုင်သည်ကို သတိပြုကြရန်နှင့်စစ်ရေး သတိအမြဲ ရှိကြရန် တိုက်တွန်းလိုကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article