37 C
Yangon

မန္တလေး PDF တပ်ဖွဲ့ထံ စစ်ကောင်စီ တပ်သား ၁ ဦး MA-3 သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ စစ်ကောင်စီ တပ်သား ၁ ဦး MA-3 သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မန္တလေး PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီ တပ်သားသည် မန္တလေး PDF တပ်ဖွဲ့ထံ MA -3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက်၊ ကျည် ၂၅၀ တို့ယူဆောင်လာပြီး အလင်းဝင်ရောက်လာသောကြောင့် ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး က ပြည်သူလူထုဘက်သို့ ရပ်တည် ၍ အလင်းဝင်ရောက်လိုသော စစ်ကောင်စီ တပ်သားများကို နွေးထွေးလုံခြုံစွာ လက်ခံလျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article