37 C
Yangon

ကောလင်းမြို့ထဲသို့ ဝင်လာသည့် စစ်တပ်စစ်ကြောင်း သေဆုံးမှုများစွာဖြင့် ထွက်ပြေးသွားပြီး မြိုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ဆဲ၊ စစ်တပ်၏ လက်နက်ခဲယမ်းတချို သိမ်းဆည်းရရှိ

Must read

စစ်လော်ဘီများက ကောလင်းမြို့ကို သိမ်းနိုင်ပြီဟု Photoshop ဖြင့် ဓာတ်ပုံများ ပြုပြင် လုပ်ကြံပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ထဲသို ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားသည့် စစ်ကောင်စီတပ်များသည် သေဆုံးမှုများစွာဖြင့် တပ်ဆုတ်ခွာ ထွက်ပြေးသွားပြီး မြို့ကို တော်လှန်ရေးတပ်များက ဆက်လက်ထိန်းချုပ်ထားကာ လက်နက်ခဲယမ်းတချိုကိုလည်း သိမ်းဆည်းရရှိကြောင်း ကောလင်းဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် အကြမ်းဖက်စစ်ကောင်စီတပ်တချိုက ကောလင်းမြိုထဲသို မင်းတဲ့ကြီးရပ်ကွက်၏ မင်းချမ်းကျောင်းဘက်သို ဝင်ရောက်လာကြောင်း၊ ထိုသို ဝင်ရောက်လာသော စစ်တပ်ကို ကောလင်းမြိုရှိ ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်များမှာ သေဆုံးမှုများစွာရှိဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“စစ်တပ်က ကောလင်းမြိုထဲကို ဝင်ဖို ကြိုးစားတာ။ ဒါပေမယ့် ဒီဘက်က တိုက်ထုတ်တော့ သေဆုံးမှုများစွာနဲ့ ပြန်ဆုတ်သွားတယ် ။ မြိုပတ်လည် ရွာဘက်တွေမှာ စစ်ကြောင်းတွေရှိတယ်။ မြိုထဲမှာ မရှိဘူး။ မြိုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတယ်” ဟု ကောလင်းဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

ကောလင်းမြိုမှ တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကလည်း ကောလင်းတွင် လက်ရှိတိုက်ပွဲကာလ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း လုံး၀မရဘဲ စစ်ကောင်စီက ဖြတ်တောက်ထားကြောင်း၊ စစ်ကောင်စီတပ်များသည် လေကြောင်းနှင့် လက်နက်ကြီးအားကိုးဖြင့် မြေပြင်ကို စစ်ကြောင်းထိုး လာသော်လည်း တော်လှန်ရေးတပ်များ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် သေဆုံးမှု များပြားနေကြောင်း ပြောဆိုသည်။

ကောလင်းမြို ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုမွှေးကမူ ယမန်နေ့ ကောလင်းမြို မင်းချမ်းကျောင်းနှင့်တဲကြီးကုန်းတ၀ိုက်တွင် စစ်တပ်နှင့် ကောလင်း ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ ပူးပေါင်းအဖွဲတို အပြင်းအထန် တိုက်ပွဲဖြစ်ပွားကြောင်း၊ စစ်ကောင်စီတပ်များ သေဆုံးမှုများပြားပြီး ကောလင်း PDF တပ်ရင်း ၂ မှ ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း ၊ လက်နက်ခဲယမ်းများရရှိကြောင်း ၊ တပ်ရင်း ၁ ကလည်း အစွမ်းကုန်ကြိုးစားနေကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်၍ ကောလင်းမြိုကို စစ်ကောင်စီတပ်များက စစ်ကြောင်း ၅ ကြောင်းခွဲကာ အင်အား ၈၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သော်လည်း ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ အထိ ကောလင်းမြိုမှာ ပြည်သူ့ကာကွယ်ရေးတပ်များ၏ ထိန်းချုပ်မှုအောက်တွင်သာရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်ထောက်ခံသော စစ်လော်ဘီများကမူ ကောလင်းမြိုကို သိမ်းနိုင်ပြီဟုဆိုကာ မဟုတ်မမှန် ဓာတ်ပုံများကို Photoshop များဖြင့် ပြုပြင်ကာ အောင်ပွဲခံခြင်း၊ လုပ်ကြံဝါဒဖြန့်ခြင်းများကို တောက်လျှောက်ဆိုသလိုလုပ်ဆောင်နေကြောင်း ၊ သိုရာတွင် လက်တွေ့ပြစရာ ဘာမှ မရှိကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က “လက်ရှိ ကောလင်းအခြေအနေက အကြမ်းဖက်စစ်အုပ်စုဘက်က အင်အားသုံးပြီးတော့ လက်နက်ကြီးတွေ လေယာဉ်တွေ သုံးပြီးတော့ ထိုးစစ်ဆင်နေတဲ့အနေအထားဖြစ်ပါတယ်။ လက်ရှိအခြေအနေအထိ မြိုကို တော်လှန်ရေးအင်အားစုတွေက အကောင်းဆုံး ကာကွယ်ပြီး ထိန်းထားနိုင်တဲ့အခြေအနေဖြစ်တယ်လို ပြောနိုင်ပါတယ်။ တစ်ခုသတိထားရမှာက အကြမ်းဖက်စစ်အုပ်စုဘက်က မြေပြင်မှာ တင် ထိုးစစ်ဆင်ရုံတင်မကဘူး။ အွန်လိုင်းပေါ်မှာ စစ်လော်ဘီတွေက ဖိုတိုရှော့ခ်လုပ်ထားတဲ့ပုံတွေ သုံးပြီးတော့ သတင်းအမှားတွေ ကောလဟလတွေ လွှင့်ပြီးတော့ စိတ်ဓာတ်စစ်ဆင်ရေးတစ်ပြိုင်နက်တည်း လုပ်နေတဲ့သဘောဖြစ်နေတယ်။ အဲဒီအတွက်ကြောင့်မိုလို အဲဒါတွေကို သတိထားပြီးတော့ အသိနဲ့ သတိနဲ့ ဆင်ခြင်သုံးသပ်ကြဖို အရေးကြီးပါတယ်။ လက်ရှိ တိုက်ပွဲ အခြေအနေ ပြင်းထန်နေတဲ့ ကာလလည်းဖြစ်တာကြောင့် မြေပြင်က အချက်အလက်တွေကို ခိုင်လုံမှုမရှိဘဲနဲ့ တင်တာမျိုးတွေလည်း တတ်နိုင်သမျှ ဆင်ခြင်ကြဖို မေတ္တာရပ်ခံလိုက်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- စစ်လော်ဘီများက ကောလင်းသိမ်းဆည်းရရှိပြီဟု Photoshop ဖြင့် ဓာတ်ပုံကို ပြုပြင်ထားသည့်ပုံနှင့် ကောလင်းမြိုကို ဝင်လာသည့် စစ်တပ်စစ်ကြောင်း ထံမှ ရရှိသည့် စစ်လက်နက်ခဲယမ်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article