24 C
Yangon

TNLA ထိပ်ပိုင်း ခေါင်းဆောင်များ နမ့်ခမ်းမြို့ကို သွားရောက် ကြည့်ရှုစစ်ဆေး

Must read

TNLA ထိပ်ပိုင်း ခေါင်းဆောင်များ နမ့်ခမ်းမြို့ကို သွားရောက် ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

တအာင်းတပ် TNLA က ထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သည့် ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် တာဝန်ရှိသူများ အကြမ်းဖက် စစ်ကောင်စီ လက်ထဲမှ သိမ်းပိုက်ရယူထားသည့် နမ့်ခမ်းမြို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နမ့်ခမ်းအုပ်ချုပ်ရေး ကော်မ တီဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေး အားပေးခဲ့ကြောင်း PSLF / TNLA က သတင်းထုတ်ပြန်ထားသည်။

တွေ့ဆုံပွဲတွင် ဗိုလ်မှူးချုပ် တားဘုန်းကျော် က မြို့တည်ငြိမ်းအေးချမ်းသာယာရေး၊ ပြည်သူလူထုကျန်းမားရေး၊ ရပ်တန့်နေသည့် လူငယ်များ၏ ပညာရေး ပြန်လည်သင်ကြားနိုင်ရေး၊ မြို့အုပ်ချုပ်ရေး ယန္တရားများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဒေသပြည်သူများကလည်း လိုအပ် ချက်များကို တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲကို PSLF/TNLA အထွေထွေ အတွင်းရေး မှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးကော်မတီဝင်များ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် ရှမ်း၊ ကချင်၊ လီဆူ စသည့် တိုင်းရင်းသား မောင်နှမများ စုစုပေါင်း လူဦးရေ ၂၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article