26 C
Yangon

စစ်မှုမထမ်းမနေရ ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးနှင့် ရဲတပ်ရင်း ၉ ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ ထိခိုက်ဒဏ်ရာရရှိသူများရှိနိုင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်း စုပေါင်းရုံးနှင့် ရဲတပ်ရင်း ၉ ကို အဝေးထိန်းမိုင်းဖြင့် ယမန်နေ့ ညပိုင်း ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရရှိသူများရှိနိုင်ကြောင်း Dark Shadow မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၉ နာရီ ၇ မိနစ်နှင့် ည ၉ နာရီ ၉ မိနစ်တို့တွင် လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံး အနီးနှင့် ရဲတပ်ရင်း ၉ တို့ကို Dark Shadow တပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဖောက်ခွဲမှုသည် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ မတရားဥပဒေကို အကောင်အထည်ဖော်အသက်သွင်းမှုအပေါ် အနှောက်အယှက် ဖြစ်စေရန် ရည်ရွယ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“အခု တိုက်ခိုက်မှုဟာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရ မတရားဥပဒေကိုအကောင်အသက်သွင်းမှုကို အနှောင့်ယှက်ဖြစ်စေရန်ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ မြေပြင်သတင်းအရထိခိုက်မှုရှိနိုင်ပါတယ်။ပြည်သူ လူထုအနေနဲ့ အကြမ်းဖကိ စစ်ကောင်စီရဲ့စစ်တန်းလျား၊ရဲစခန်းနှင့် အုပ်ချုပ်ရေးပစ်မှတ် ဒေါက်တိုင်များအနီးသို့ ဝေးဝေးမှရှောင်ရှာသွားလာကြရန် လေးစားစွာဖြင့်ထပ်မံအသိပေး မေတ္တာအပ်ခံပါတယ်။ ဒီရက်ပိုင်း စစ်ဆင်းရေးအနေနဲ့အုပ်ချုပ်ရေးပစ်မှတ်များကို ဆက်တိုက် တိုက်ခိုက်လာနိုင်ခဲ့ပြီး ပြည်သူများဖြတ်သန်းသွားလာမှုကြောင့် ဖျက်သိမ်းခဲ့ရတဲ့ Mission တွေလည်းရှိပါတယ်။ အာဏာရှင်စနစ်ကျဆုံးသည်အထိ Dark shadow (UG) မြို့ပြပျောက်ကြားတပ်ဖွဲ့အနေဖြင့် ပြည်သူလူထုနဲ့အတူတူအဆုံးထိရပ်တည်ပြီး တော်လှန်သွားပါ့မယ်လို့လည်း ပြောကြားချင်ပါတယ်။ မြို့ပြဟာ ဘယ်တော့မှသွေးမအေးဘူး နေရာ တိုင်းမှာ ငါတို့ရှိတယ်” ဟု Dark Shadow အဖွဲ့၏ တာဝန်ခံရဲဘော်ပန်ဒါ က ပြောဆိုသည်။

လှိုင်သာယာမြို့နယ်မှ ပြည်သူများကလည်း ယမန်နေ့ညပိုင်း ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်မှာ မှန်ကန်ကြောင်း ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article