25.8 C
Yangon

ရှားတောမြို့ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး အဆင့်အရာရှိများမှစ၍ စစ်သည်နှင့်ရဲများ ၁၆၀ ကျော်သေဆုံး၊ သေနတ် ၁၅၀ လက်နှင့် ခဲယမ်းများ အပါအဝင် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိ

Must read

ရှားတောမြို့ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး အဆင့်အရာရှိများမှစ၍ စစ်သည်နှင့်ရဲများ ၁၆၀ ကျော်သေဆုံး၊ သေနတ် ၁၅၀ လက်နှင့် ခဲယမ်းများ အပါအဝင် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ကရင်နီပြည်နယ်၊ ရှားတောမြို့ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး အဆင့်အရာရှိများမှစ၍ စစ်သည်နှင့်ရဲများ ၁၆၀ ကျော်သေဆုံး၊ သေနတ် ၁၅၀ လက်နှင့် ခဲယမ်းများ အပါအဝင် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိကြောင်း KNDF က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်ခဲ့သည့် ရှားတောမြို့ကို တိုက်ခိုက်သိမ်းပိုက်မှုသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်တပ် ဘက်မှ ခမရ ၄၂၈ ၊ ခလရ ၂၄၉ ၊ နှင့် ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင် များ၊ ရဲတပ်ဖွဲ့များအားလုံးကို တိုက်ခိုက်ခဲ့ရပြီး ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း(၁၆၀)ကျော်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

​တစ်လတာနီးပါးကြာမြင့်ခဲ့သော ရှားတောမြို့အား အပြီးသတ်သိမ်းယူခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ ထံမှ လက်နက်ငယ် ၁၂၈ လက်၊ လက်နက်ကြီးအစုံ ၁၈ လက်၊ Smoke Gun ၃ လက်၊ Jammer Gun ၁ လက် နှင့် ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ကရင်နီပြည်နယ်၊ ရှားတောမြို့နှင့် ပတ်ဝန်းကျင်ကို အခိုင်အမာတပ်ချ၍ ပြည်သူလူထုများကို တိုက်ခိုက် ဖမ်းဆီးခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့သော စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းတို့ကို KA၊ KNDF နှင့် Loikaw PDF တို့ ပူးပေါင်း၍ တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးသည့်နောက် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

​ရှားတောမြို့ရှိ မြို့အဝင် စေတီကုန်းပေါ်တွင် စစ်ကောင်စီ၏ ခမရ(၄၈၂)တပ်မှ ရှေ့တန်းအထိုင်ချ၍ တပ်စွဲထား သော ဗျူဟာကုန်းစခန်းကို ဝန်းရံထားသည့် အရေးပါသော ကာကင်းစခန်းကုန်းများဖြစ်သည့် အန္တရာယ်ကွေ့စခန်းကုန်း ၂ ကုန်းကို ဇန်နဝါရီု ၁၅ ရက်နေ့မှစ၍ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ(၁၇)ရက်နေ့တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

​ထို့အတူ ရှားတောမြို့အဝင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းအရှေ့ရှိ ကာကင်းများကိုလည်း ဆက်၍ တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ဗျူဟာကုန်းစခန်းကို တပ်ဖွဲ့များက ဝန်းရံပိတ်ဆို့ထား နိုင်ခဲ့ကြောင်း၊ ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ၎င်းတို့၏ စခန်းဘန်ကာများ၊ ဘုရားစေတီဂူပေါက်များအတွင်း အခိုင်အမာ ခံစစ်ပြင်၍ တန်ပြန်တိုက်ခိုက်နေခဲ့ပြီး ကရင်နီ တပ်ဖွဲ့များက ပိတ်ဆို့ထားနိုင်ခဲ့ကြောင်း သိရှိရသည်။

ဗျူဟာကုန်းအား စဉ်ဆက်မပြတ် ပိတ်ဆို့ထားချိန်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့၌ ခလရ ၂၄၉ တပ်ရင်းမှ အင်အား ၇၀ ကျော်ခန့်ကို ရဟတ်ယာဉ် ၃ စီးဖြင့် စစ်ကူပို့ဆောင်လာခဲ့ပြီး အဆိုပါ စစ်ကူစစ်ကြောင်းကို ကရင်နီတော်လှန်ရေး တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းကို လက်နက်ချ၍ ဘက်ပြောင်းခိုလှုံရန် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သော်လည်း လက်မခံခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နံနက် ၅ နာရီခွဲ အချိန်တွင် စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် ၈ နာရီခွဲ အချိန်တွင် ဗျူဟာစခန်းကုန်းအား အပြီးသတ်ချေမှုန်း သိမ်းပိုက်၍ ရှားတောမြို့အား အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

​ကရင်နီပြည်နယ်၊ ရှားတောမြို့အား သိမ်းယူခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Drop များ အသုံးပြုပြီး လေကြောင်းပစ်ကူ(၂၀၅)ကြိမ်ကျော် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ​ကရင်နီပြည်၊ ရှားတောမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို သိမ်းပိုက်ခဲ့သော တိုက်ပွဲများအတွင်း KNDF မှ ရဲဘော် ၃ ဦးနှင့် အခြားတပ်ဖွဲ့မှ ရဲဘော်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက် ကျဆုံးခဲ့ရကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article