28 C
Yangon

ရွှေဘိုမြို့နယ်နှင့် စဥ့်ကူးမြိုနယ်တွင် စစ်တပ် စစ်ကြောင်း၊ ပျူစောထီး ခေါင်းဆောင် နေအိမ်တို့ကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်

Must read

ရွှေဘိုမြို့နယ်နှင့် စဥ့်ကူးမြိုနယ်တွင် စစ်တပ် စစ်ကြောင်း၊ ပျူစောထီး ခေါင်းဆောင် နေအိမ်တို့ကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ ည ၈ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ချီပါတောင်ရွာအတွင်းတွင် စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ၁၆၀ မမ ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းပုန်းဝပ်ရာ နေရာများအနီးကို ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထ်ိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုဗိုလ်မိကျောင်းနှင့် ဒေသ တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိတ်ကြားချက်အရ BGS Ayadaw Drone Force ဦးဆောင်၍ Ayadaw Rocket LPDF၊ Buffalo Soldiers ရဲဘော်များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာရွာရှိ ပျူစောထီး ခေါင်းဆောင် အောင်မင်း၏ နေအိမ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာ Drone Force (မန္တလေး) အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စဥ့်ကူးမြိုနယ်၊ ရွာသာရွာကျေးရွာရှိ ပျူစောထီး ခေါင်းဆောင် အောင်မင်း၏နေအိမ်ကို မြနန္ဒာ Drone Force (မန္တလေး) နှင့် Urban Guerrill Force (MDY) တို့က Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး ဗိုလ်ကျားကြီးအဖွဲ့၊ ဦးရဲဝင်းအဖွဲ့၊ နယ်မြေခံ ပ.က.ဖ၊ ပြင်ဦးလွင်ခရိုင် ထုတ်လုပ်ရေး အဖွဲ့များက လက်နက်ကြီး ပစ်ကူများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြု နိုင်သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article