25.7 C
Yangon

စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းခိုင်းရာတွင် မီးသတ်တပ်ဖွဲ့ဝင်များကိုဦးစားပေး ခေါ်ယူမည်ဟုဆို

Must read

စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းခိုင်းရာတွင် မီးသတ်တပ်ဖွဲ့ဝင်များကိုဦးစားပေး ခေါ်ယူမည်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းခိုင်းဖြစ်ရာ လက်ရှိတွင် မီးသတ်တပ်ဖွဲ့ဝင်များကို ဦးစားပေး၍ ချက်ချင်း ခေါ်ယူမည်ဟု သိရှိရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(ဗဟို) သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မီး သတ် ဝန်ထမ်းတွေကို ဦးစား ပေး ချက်ချင်း စစ်မှုထမ်းဖို့ ဆင့်ခေါ် မယ်လို့ သိရတယ်။ အခုတော့ စာရင်းတွေ အားချင်းဖြည့်ခိုင်းနေပြ။ တိုင်း၊ ခရိုင်၊ မြို့နယ် မီးသတ်၊ ရပ်/ကျေးအထိ အကုန်ပါတယ်။ စာရင်းတွေကောက်နေပြီ” ဟု မီးသတ်သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီက မြို့နယ်နှင့် ရပ်/ကျေး စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး လာမည့် ရက်ပိုင်းအတွင်း စစ်မှုထမ်းရန် ဆင့်ခေါ်မည့် နာမည်စာရင်းမျာကို စတင် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ နာမည်စာရင်း ရရှိသူများသည် ဧပြီလကုန် သင်္ကြန်ပိတ်ရက်များအပြီးတွင် စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များတွင် တရားဝင် ဆက်သွယ် စတင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံး ဝင်သော Non-CDM ဝန်ထမ်းများစာရင်း ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက အရေးပေါ် ညွှန် ကြားချက် ထုတ်ပြန်လိုက်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများ စာရင်းတောင်းခံလျက်ရှိရာ ရန်ကုန်တိုင်းအတွင်းမှ Non-CDM ဝန်ထမ်းများ၏ စာရင်းကို ဖော်ဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ဝန်ထမ်းဦးရေ စာရင်းချုပ်ကိုလည်းကောင်း၊ အသေးစိတ် စာရင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီတွင်လည်ကောင်း အချိန်မီ စာရင်းပြုစု ပေးပို့ရန် ညွှန်ကြားထားသည်။

ထို့ပြင် လာမည့် ၂၀၂၅ ၊ ၂၀၂၆ ၊ ၂၀၂၇ ခုနှစ်တွင် စစ်မှုထမ်းရမည့် Non-CDM ဝန်ထမ်းများစာရင်းကိုပါ အသေးစိတ် ထပ်မံပြုစုရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article