စစ်ကိုင်းမြို့နယ်နှင့် မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများနှင့် အုပ်ချုပ်ရေးမှူး နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force အဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၁၇ မိနစ်အချိန်တွင် အင်အား ၈၀ ခန့်ဖြင့် တပ်စွဲ ထားသော စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို Fixed Wings Drone များဖြင့် ဗုံဂသီး ၁၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင်ရာ ဘန်ကာ ၊ ကတုတ်ကျင်းနေရာတို့ကို တိကျစွာကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှု သိရှိနိုင်ရန်စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
“ကတုတ်ကျင်း၊ ဘန်ကာနေရာအစုံကို ဗုံးသီး ၁၆ လုံးကျဲချတိုက်ခိုက်ခဲ့တာ၊ အဲဒီနေရာတွေကို အတိ အကျ ချနိုင်ခဲ့တယ်၊ ရှေ့ကင်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်၊ ထိခိုက် သေဆုံးမှုကတော့ မသိရသေးဘူး” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force အဖွဲ့မှ ဗိုလ် ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့၊ နယ်စည်း မခြား ရွှေဘိုသား LPDF ၊ ကြောင်လက်သည်း၊ မတစ်ထောင်(တစ်ကောင်ဘွား) ဒီပဲယင်း၊ Yaung Ni Shwe Bo PDF ၊ People’s Destatorship Revolution Force (UG) ၊ ငါန်းဇွန်မြို့နယ် ပကဖ၊ Phonex Sagaing ၊ MMU PDF ၊ Young Wolf ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၃ ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၇ နှင့် စစ်ကိုင်းပကဖတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မြင်းခြံမြို့နယ်၊ ပိုင်တဲကုန်းကျေးရွာ၊ ဂေါင်းကွဲကျေးရွာနှင့် အနိမ့်ကျေးရွာ အုပ်ချုပ်ရေး မှူးနေအိမ်တို့၌ တပ်စွဲထားသော သားများကို ဒရုန်းဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike Team ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက် နံနက်အစောပိုင်း ၁ နာရီ မိနစ် ၃၀ အချိန်တွင် မြင်းခြံမြို့နယ် ၊ ပိုက်တဲကုန်း ကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ထို့နောက် ဂေါင်းကွဲကျေးရွာ နှင့် အနိမ့်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်တို့၌ အထိုင်ချတပ်စွဲထား သော စစ်ကောင်စီတပ်သားများကို Fixed Wings Drone များဖြင့် Air Bomb ၅ လုံး ကျဲချတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး အတိအကျသိရှိနိုင်ရန်စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်းတပ်၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team-2၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ BGF (မြင်းခြံ)၊ မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၃ MGN Ranger ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း၊ LACR – အလယ်ပိုင်း လွတ်မြောက် ရေးတပ်၊ မိုရှေဒါယန် ပြောက်ကျားတပ်ဖွဲ့နှင့် အမေ့လက်ရုံး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။