ရန်ကုန် ဖေဖော်ဝါရီ ၂၀
မြန်မာစစ်တပ် ဦးဆောင်သော အာဏာသိမ်းစစ်ကောင်စီသည် အာဆီယံနိုင်ငံများအတွင်း “အယုတ်မာဆုံး ဖက်ဆစ်စစ်တပ်ဘွဲ” ကို ၂၀၂၃ ခုနှစ်ကတည်းက ပြိုင်ဘက်ကင်းစွာ ရရှိထားကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်တပ်က ယမန်နေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။
စစ်ကောင်စီသည် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းတိုအပြင် စိတ်ပိုင်းဆိုင်ရာ ဒုက္ခမျိုးစုံကို တစ်နေ့တစ်မျိုး မရိုးရအောင် မြန်မာနိုင်ငံအနှံ နေစဉ်လုပ်နေသည်ဟု ညီနောင်တပ်က ဆိုသည်။
ရက္ခိုင်ဒေသတွင်သာမက မြန်မာနိုင်ငံ၏ နေရာတိုင်းတွင် စစ်ရေးရှုးနိမ့်ကာ နလံမထူနိုင်သည့် စစ်ရှုးစစ်ကောင်စီသည် လက်ကျန်မြိုကြီးအချိုရှိ အပြစ်မဲ့အရပ်သားပြည်သူလူထုများအား မတရားစွပ်စွဲချက်များဖြင့် ဖမ်းဆီးခြင်းများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား နေ့စဉ်ဆက်တိုက် ကျူးလွန်လျက်ရှိနေကြောင်းလည်း ပြောသည်။
ယခုအချိန်၌လည်း စစ်ကောင်စီ၏ရက်စက်ယုတ်မာသည့်လုပ်ရပ်များမှာ ၂၀၂၄ ခုနှစ်အတွက် “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” ကို ပြိုင်ဘက်မရှိ ထပ်မံရယူရန် အားထုတ်ကြိုးပမ်းနေခြင်းနှင့်တူနေသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်တပ်က ထပ်မံပြောဆိုထားသည်။
ထိုကြောင့် အာဏာသိမ်းစစ်ကောင်စီ၊ လက်ရှိစစ်ကောင်စီကို ဦးဆောင်နေကြသောသူများနှင့် စစ်အာဏာ ရှင်စနစ်မရှိတော့မှသာ မြန်မာပြည်သူလူထုတို စိတ်သက်သာရာရမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအနှံအပြား၌ စစ်ကောင်စီအား ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်လျက်ရှိကြပြီး တော်လှန်ရေးအရှိန်အဟုန်သည်လည်း မြင့်တက်လျက်ရှိနေကြောင်း သိရသည်။
မြန်မာပြည်လူထုတစ်ရပ်လုံး လိုလားချက်များနှင့်နီးစပ်သည့် ရည်မှန်းချက်များကို ၁၀၂၇ စစ်ဆင်ရေး (၄) လတာနီးပါးတွင် အပြည့်အဝမဟုတ်သည့်တိုင် အတိုင်းအတာတစ်ခုအထိ စိတ်ကျေနပ်စေလောက်သော အောင်မြင်မှု၊ ရလဒ်တိုကို ရယူနိုင်ခဲ့သည်ဟုဆိုနိုင်ကြောင်း ညီနောင်တပ်က ပြောသည်။
ရက္ခိုင်ဒေသ၏စစ်ရေးသည် ရက္ခိုင့်တပ်တော်၏ ထိုးစစ်နှင့် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်တိုအကြား ဆက်လက်အရှိန်မြင့်လျက်ရှိနေဆဲဖြစ်ပြီး လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း ယခုထက်ထိအညံ့မခံသော စစ်ကောင်စီ၏စခန်းတိုင်းကို ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းလည်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar