29 C
Yangon

စစ်ကောင်စီက အတင်းအဓမ္မ အသက်သွင်းသည့် စစ်မှုထမ်း ဥပဒေကြောင့် အနာဂတ်နိုင်ငံ တည်ဆောက်ရေးကို ထိခိုက်နိုင်ဟု NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

အကြမ်းဖက်စစ်ကောင်စီက အတင်းအဓမ္မအသက်သွင်းသည့် စစ်မှုထမ်းဥပဒေကြောင့် အနာဂတ် နိုင် ငံတည်ဆောက်ရေးကို ထိခိုက်နိုင်ကြောင်း NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြား သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲအစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တိုဟာ စစ်ကောင်စီက အတင်းအဓမ္မ အသက်သွင်းနေတဲ့ စစ်မှုထမ်းဥပဒေကို တန်ပြန် ချေဖျက်ဖို ကြိုးစားရာမှာ နိုင်ငံရေး စဉ်းစားချက် ဆိုတာထက် နိုင်ငံတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အမြင်ကိုပါ ထည့်သွင်း စဉ်းစားဖို လိုတယ်လို ယူဆပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ ကျွန်တော်တို တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်သစ် လူငယ်တွေရဲ့ ဘဝတက်လမ်းကို ပိတ်ပင်ဟန့် တား ရာ ရောက်နေပါတယ်” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

စစ်ကောင်စီသည် ၎င်း၏ အကျိုးစီးပွားအတွက် လူငယ်များ၏ အသက်နှင့် ဘဝများကို ချနင်းရန်ကြိုး စားနေခြင်းဖြစ်ပြီး ဟန့်တားနိုင်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

“ဒါဟာ အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ကိုယ်စွမ်း ကိုယ် စရှိတဲ့ လူငယ်တွေဟာ ကျွန်တော်တို နိုင်ငံအတွင်းမှာ ကောင်းစွာ ရှင်သန်ရပ်တည်နိုင်ဖို လိုပါတယ်။ ကျွန်တော်တို မျိုးဆက်ဟောင်းဟာ မျိုးဆက်သစ်တွေကို ပုခုံးထမ်း တွန်းတင်ပေးဖို တာဝန်ရှိပါတယ်။ ကျွန်တော်တို အစိုးရအဖွဲဝင်တွေမှာ နိုင်ငံရေးအမြင် ရှိရုံနဲ့ မရသလို တော်လှန်ရေး အမြင်ရှိရုံနဲ့လည်း မလုံလောက်သေးပါဘူး။ နိုင်ငံတည်ဆောက်ရေးအမြင်ကို ပေါင်းထည့်မှသာ ပြည့်စုံမယ်လို ယူဆပါ တယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ် ပြိုလဲဖိုအတွက် တော်လှန်ရေးအမြင်နဲ့ နိုင်ငံရေးအမြင်ကို မျှခြေ ညှိပြီး အားထုတ်ကြိုးစားရမှာ ဖြစ်သလို၊ အနာဂတ် နိုင်ငံသစ်တည်ဆောက်ရေးအတွက် တည် ဆောက်ရေးအမြင်ကိုပါ ပေါင်းထည့်ကြဖို အထူး တိုက်တွန်းလိုပါတယ်” ဟု နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ ပြောဆိုသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသွင်အမျိုးမျိုးဖြင့် ရွှေ့ပြောင်းနေထိုင်မှုများ ကြုံတွေ့နေရပြီး ယင်းအထဲတွင် အနာဂတ်တိုင်းပြည်တည်ဆောက်ရေးတွင် အဓိက မောင်းနှင်အားဖြစ်သည့် လူငယ် များ၏ ရွှေ့ပြောင်းမှုသည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေပြီး တော်လှန်ရေး အလုပ်နှင့်အတူ နိုင်ငံ အ တွင်းရှိ လူငယ်တွေအတွက် ရေခံမြေခံကောင်း ဖြစ်ထွန်းရေး၊ ပတ်ဝန်းကျင်ကောင်း ဖြစ်ထွန်းရေးကို တွဲဖက် လုပ်ဆောင်ရန် လိုအပ်သည်ဟု ဆိုသည်။

“လူငယ်မျိုးဆက်သစ်တွေရဲ့ ကိုယ်စွမ်းကိုယ်စတွေကို ပြုန်းတီးအောင်၊ ပျက်စီးအောင် လုပ်ခြင်းဟာ အနာဂတ်ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံအတွင်း မှာ ရေခံ မြေခံကောင်း ဖြစ်ထွန်းရေးဟာ အထူးအရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ရပ် ဖြစ်လာတာ တွေ့ ရ ပါတယ်။ ဒီ့အတွက် လူငယ်တွေရဲ့ ကိုယ်စွမ်းကိုယ်စတွေ လွတ်လပ်စွာ ရှင်သန်ကြီးထွားနိုင်ရေးကို ကျွန်တော်တိုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ပေးကြဖို ပြောကြားရင်း တိုက်တွန်း လိုက်ပါ တယ်။” ဟု နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ က ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article