33 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ် ၊ မံစီမြို့နယ်က စစ်ကောင်စီရဲ့ စီခမ်းကြီး ဗျူဟာ စခန်းကို တိုက်ခိုက်သိမ်း ပိုက်မှု အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ဝန်းကျင်အသီးသီး သေကုန်ကြတဲ့အပြင် ၊ လက်နက် ခဲယမ်းတွေလည်း တောင်ပုံယာပုံ ရရှိထားတယ်လို့ KIA သတင်းရင်းမြစ်နဲ့ ရွှေကူ-PDF ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက်စစ်ကောင်စီက ဧပြီလကုန်မှာ စတင်ခေါ်ယူမယ့် စစ်မှုထမ်း ရမယ့် တပ်သားသစ် လူငယ်တွေကို ရှေ့တန်းစစ်မြေပြင်တွေမှာ နေရာချထားဖို့အတွက် အစီအစဉ်တွေ ရေးဆွဲထားပြီး ဖြစ်တယ်လို့ နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက်စစ်ကောင်စီက စစ်မှု မထမ်းမနေရ စနစ် ကြေညာပြီးတဲ့နောက်မှာပဲ တစ်နိုင်ငံလုံးမှာ နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့ သူတွေဟာ အလွန်များပြားနေပြီး ၊ ရန်ကုန်မြို့က ပတ်စ်ပို့ရုံးမှာဆိုရင် လာမယ့် ဩဂုတ်လအထိ Online Booking လုပ်ထားသူတွေပြည့်သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article