28 C
Yangon

စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ တိမ်းရှောင်သွားရောက် မည့် မြန်မာ ၇၅ ဦး ဖမ်းဆီးခံရ၊ မဲဆောက်တွင် လူဝင်မှုကြီးကြပ်၊ ရဲနှင့် ဌာနပေါင်းစုံက ဆိုင်များအတွင်းထိ ဝင်ရောက်စစ်ဆေးနေ

Must read

ရန်ကုန်| ဖေဖော်ဝါရီ ၂၁

အာဏာသိမ်း စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သော စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် ရက်ပိုင်း အတွင်း လူငယ်များ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ တိမ်းရှောင်နေရာမှ ဆက်တိုက် ဖမ်းဆီးခံနေရမှုများ ရှိနေသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့က ၁ ရက်အတွင်း နယ်စပ်ဖြတ်ကျော် ဝင်လာသော မြန်မာနိုင်ငံသား ၇၅ ဦးသည် ထိုင်းနိုင်ငံ၏ ခရိုင် သုံးခုတွင် ဖမ်းဆီးခံလိုက်ရကြောင်း ထိုင်းအခြေစိုက် သတင်းဌာနများ၏ ဖော်ပြချက်များ အရ သိရသည်။

နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာသော အဆိုပါ မြန်မာနိုင်ငံသား ၇၅ မှာ ထိုင်းနိုင်ငံရှိ နခွန်းစဝမ်ခရိုင်၊ တာ့က်ခရိုင်နှင့် နခွန်းပထုံခရိုင်တို့မှ တဆင့် ဝင်ရောက်လာစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ထိုင်း သတင်းဌာနများက ရေးသား ဖော်ပြထားသည်။

ထိုသို့ ဖမ်းဆီးခံရမှု များထဲတွင် ထိုင်းနိုင်ငံသား ထိုင်းနိုင်ငံသား ပွဲစား လေးဦးနှင့် မြန်မာနိုင်ငံသား ပွဲစား နှစ်ဦးလည်း ပါဝင်ကြောင်း ဆိုသည်။ လက်ရှိ ပွဲစား ပြုလုပ်သူ ခြောက်ဦးကို ထိုင်း အာဏာပိုင်းအဖွဲ့က ထိုင်းနိုင်ငံ၏ လူမှောင်ခို ကူးမှု အက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ထိုင်းသတင်းများက ဆိုထားသည်။

ဖမ်းဆီး ခံလိုက်ရသည့် မြန်မာနိုင်ငံသား ၇၅ ဦး သည် စစ်ဆေးချက်များ အရ လူတစ်ဦးလျှင် ဘတ် ၈၀၀၀ မှ ၁၀၀၀၀ နီးပါး အထိဝန်ဆောင်ခ ပေးဆောင်ပြီး ဘန်ကောက်မြို့သို့ သွားရောက်မည့်သူများ ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၇၅ ဦးအား သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ဌာနများသို့ ပို့ဆောင်ကာ ထိုင်းနိုင်ငံ ဥပဒေအရ အရေယူ၍ ထိုင်းအာဏာပိုင်များက ၎င်းတို့အား ပြည်နှင်ဒဏ် ပေးရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က အတည်ပြုခဲ့သည့် စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံသားအများစုသည် အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာမှု များပြားလျက်ရှိနေသည်။

ထိုင်းအာဏာ ပိုင်များမှလည်း နယ်စပ်လုံခြုံရေးကိုတင်းကြပ်ကာ ဖမ်းဆီးမှုများ တိုးမြှင့်လုပ် ဆောင်လျက် ရှိနေသလို စစ်ကောင်စီ၏ စစ်မှုမထမ်း မနေရ ဥပဒေကြောင့် ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသားများကို ဥပဒေအရ အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ် Srettha Thavisin က သတိပေး ပြောဆိုထားသည်။

ထို့အတူ မြန်မာနိုင်ငံရှိ ထိုင်းသံရုံးတွင်လည်း ပြည်ပသို့ ထွက်ခွာရန် မြန်မာလူငယ်များ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် နေ့စဉ် လူပေါင်းသောင်းချီ ဗီဇာလျှောက်ထားရန် တန်းစီ စောင့်ဆိုင်းနေသူများ များပြားနေကြောင်း သိရသည်။

အလားတူ ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့တွင်လည်း ယမန်နေ့ ညပိုင်း စားသောက်ဆိုင်များ၊ ဘားများ၊ လူစည်ကားသော အရက်ဘာများသို့ မဲဆောက်အာဏာပိုင်များက ဝင်ရောက် စစ်ဆေးပြီး တရားမဝင် ဝင်ရောက်သူများရှိ၊ မရှိ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article