27 C
Yangon

မြန်မာ့အရေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂတွင် သံတမန် ရှင်းလင်းပွဲပြုလုပ်

Must read

မြန်မာ့အရေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂတွင် သံတမန် ရှင်းလင်းပွဲပြုလုပ်

ရန်ကုန်၊ မတ် ၉

မြန်မာ့အရေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂတွင် သံတမန်ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏ တရား ဝင်မှုရရှိစေရန် ကြိုးပမ်းမှုများအားလုံးကို လက်မခံရန်နှင့် လူ့အခွင့်အရေး အခြေအနေများကို တာဝန် ယူမှု၊ တာဝန်ခံမှုရှိစေရေး နည်းလမ်းသစ်များကို ရှာဖွေကြံဆလုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့ ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၈ ရက်နေ့က ကုလသမဂ္ဂ Palais de nations အတွင်း နိုင်ငံတကာ သံတမန်များ နှင့် သံအရာရှိများအား မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ တင်ပြချက်နှင့် နိုင်ငံတကာသို့ တောင်း ဆိုချက်များနှင့်ပတ်သက်၍ ရှင်းလင်းပွဲ တခုကို လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းရှင်လင်းပွဲ၌ မြန်မာနိုင်ငံ အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်နေမှု အခြေအနေများ၊ တိုင်းရင်းသားအဖွဲ့အစည်း များ နှင့် ဒီမိုကရေစီအင်အားစုများ၏ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် နယ်မြေစိုးမိုးရရှိထားမှု အခြေအ နေ များ၊ အရပ်သားအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုများ ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်ကောင်စီထံ လက်နက်၊ငွေကြေးထောက်ပံ့မှုများအား ပူးပေါင်း ပစ်မှတ်ထားပိတ်ဆို့ အရေးယူရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းတို့ အား ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုက် ရိုက် ပေးအပ်ရန်၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ပါ တောင်းဆိုချက်များကို လိုက်နာ လာအောင် ဆက်လက် ကြိုးပမ်းလုပ်ဆောင်ရန်၊ အကြမ်းဖက်စစ်ကောင်စီက တရားဝင်မှုရရှိစေရန် ကြိုးပမ်းနေမှုများအားလုံးကို လက်မခံရန်၊ ကုလသမဂ္ဂအနေဖြင့် မြန်မာ့အရေးကို ယခုထက်ပိုမို၍ လုပ်ဆောင်၍ ဝိုင်းဝန်ဖိအားပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် လူ့အခွင့်အရေးကောင်စီအနေဖြင့်မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် စပ် လျဉ်း၍ တာဝန်ခံမှု၊တာဝန်ယူမှုများ ဖော်ဆောင်နိုင်မည့် နည်းလမ်းသစ်များကို ရှာဖွေကြံဆ လုပ် ဆောင်ရန်၊ အထွေထွေအတွင်းရေးမှူးအနေဖြင့် မြန်မာနိုင်ငံအတွင်းလုပ်ကိုင်နေသော ကုလသမဂ္ဂ အေဂျင်စီများ၏ လုပ်ဆောင်နေမှု အစီရင်ခံစာတခုကို ပြင်ဆင်ရေးသားနိုင်ရေး တောင်းဆိုရန် တို့ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

အဆိုပါ သံတမန်ရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အတူ ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် နန်းစုမွန်အောင်နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ဦး ဂျာဘေတ်အာလောမ်တို့ ပါဝင်တက်ရောက်ခဲ့ပြီး ယင်းသံတမန်ရှင်းလင်းပွဲကို Luxembourg နိုင်ငံ သံရုံးနှင့် International IDEA တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article