မန္တလေးတိုင်း ကျေးရွာတစ်ရွာတွင် နိုင်ငံရေးဟောပြောပွဲနှင့် တော်လှန်ရေးရှပ်ရှင်ပြပွဲပြုလုပ်
ရန်ကုန်၊မတ် ၁၄
မန္တလေးတိုင်း ကျေးရွာတစ်ရွာတွင် နိုင်ငံရေးဟောပြောပွဲနှင့် တော်လှန်ရေးရှပ်ရှင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နိုင်ငံရေးဟောပြောပွဲနှင့် တော်လှန်ရေးရှပ်ရှင်ပြပွဲကို အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC – Mdy) က ပြည်သူများ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး အင်အားစုများပူးပေါင်းဝန်းရံမှုများနှင့်အတူ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။