ရန်ကုန်၊ ဧပြီ ၁၃
ရန်ကုန်၊ မန္တလေး စစ်ကောင်စီသင်္ကြန်မဏ္ဍပ်များ စည်ကားရန်နှင့် ရုပ်သံလိုင်းများက တိုက်ရိုက် ထုတ်လွှင့်ကြရန်၊ သင်္ကြန်မဏ္ဍပ်တွင် သီဆိုသော သီချင်းများနှင့်တီးလုံးများအတွက် မူပိုင်ခွင့် ငွေကြေးမတောင်းရန် စစ်တပ် အမိန့်ထုတ်ထားကြောင်း သိရှိရသည်။
ပြည်တွင်းရုပ်သံလိုင်းများဖြစ်သည့် MRTV 4 ၊ Sky Net အပါအဝင် ရုပ်သံလိုင်းများက စစ်ကောင်စီသင်္ကြန်မဏ္ဍပ်များ အလွန်စည်ကားနေကြောင်း ပြသရန် ရုပ်သံလိုင်းများ သီးခြားစီစဉ်ထုတ်လွှင့်ကြရန် ၊ မဏ္ဍပ်တွင် သီဆိုသည့် သီချင်းများ၊ တီးလုံးများအတွက် မည်သူကမှ မူပိုင်ခွင့် ငွေကြေးတောင်းခံခြင်း မပြုကြရန် စစ်တပ်ဘက်က အမိန့်ထုတ်ထားကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်တပ်ရန်ကုန်မြို့တော်ဝန်၏ သင်္ကြန်ကာလအစီအစဉ်များ ထွက်ပေါ်လာပြီဖြစ်သည်။









