ရန်ကုန်၊ ဧပြီ ၁၃
မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်းက ဧပြီလ(၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့ နံနက်အစောပိုင်းတွင် စစ်အာဏာရှင်ကျဆုံးရေးအတွက် သင်္ကြန်မကျ ဆွမ်းခံကြွသပိတ် လုပ်ဆောင်ခဲ့ကြသည်။
“အာဏာရူးတွေဟာ သင်္ကြန်ပွဲတော်ကို အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်ဖို ကြိုးစားနေတာတွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးခံထားရတဲ့ သူရဲကောင်းတွေ တောထဲမှာ အိမ်နဲ့ဝေးနေကြတဲ့ PDF သူရဲကောင်းတွေ နိုင်ငံအနှံအပြားက စစ်ဘေးရှောင်ပြည်သူတွေ အသက်ပေးသွားကြတဲ့ အာဇာနည်များကို စာနာ ထောက်ထားသောအားဖြင့် အာဏာရူးတွေရဲ့ သင်္ကြန်ကို သပိတ်မှောက်ကြဖို တိုက်တွန်းလိုပါတယ်။ အာဏာရှင်လက်အောက်က မလွတ်မြောက်သ၍ ငါတို သင်္ကြန်မကျဘူး။ မြူမှောင်ဝေကင်းကို ဘယ်သူဆိုဆို ညိုမြနဲ့ ဘယ်သူက က ငါတိုသင်္ကြန် မကျဘူး။ “ဟု မန္တလေးသံဃသမဂ္ဂ က ဆိုသည်။
ဆွမ်းခံကြွသပိတ်အတွင်း ထောင်တွင်းအကြမ်းဖက်မှု နှင့် စစ်ကြောရေးများတွင် လူအခွင့်အရေး ချိုးဖောက်မှုများကို ICRC အနေဖြင့် ထိထိရောက်ရောက် ကူညီပေးရေး၊ CDM ဝန်ထမ်းများ နှင့် စစ်ရှောင်ပြည်သူများကို အားပေး ကူညီပေးရေး ဆွမ်းခံကြွချီပြီး ဆန္ဒထုတ်ဖော်ကြသည်။



