ရန်ကုန်၊ မတ် ၁၈
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းနှင့် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီတို့ ပူးပေါင်းကာ “မတရား စစ်မှုထမ်း ဥပဒေ ဆန့်ကျင်ကန့်ကွက်ပွဲ”ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သပိတ်လှုပ်ရှားမှုတွင် ရွာပေါင်းစုံသပိတ်ကော်မတီဝင်တစ်ဦးမှ စစ်မှုထမ်းဥပဒေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြဖို့ ဟောပြောခဲ့ပြီး ပြည်သူများမှလည်း စစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်း လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar