30 C
Yangon

စစ်တပ်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးတောင်းခံမှုနှင့် ငွေတောင်းယူမှုများ နိုင်ငံတစ်ဝန်း ကျယ်ပြန့်စွာ ဖြစ်ပွားနေ

Must read

ရန်ကုန်၊ မတ် ၁၈

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်တပ်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးတောင်းခံမှုနှင့် ငွေတောင်းယူမှုများ ကျယ်ပြန့်စွာ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ရန်ကုန်တိုင်း၊တိုက်ကြီးမြို၊သနပ်ချောင် ရွာတွင် ရွာအုပ်ချုပ်ရေးမှူး မင်းလွင်နှင့်အဖွဲ့က စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ရမည့် လူငယ်များကို တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ သောင်းနှုန်းဖြင့် ငွေကျပ် သိန်း ၅၀ စုဆောင်းပေးကြရန်၊ စစ်မှုထမ်းစရာမလိုသေးသည့် နေအိမ်များက တစ်လလျှင် ငွေကျပ် ၃ သောင်း ထည့်ဝင်ကြရန် ငွေကြေးများ ကောက်ခံနေကြောင်း သိရှိရသည်။

“ရွာအုပ်ချုပ်ရေးမှူး မင်းလွင်က လူငယ်လူရွယ်တွေကို မဲနှိုက်ခိုင်းတယ်။ မဲပေါက်ပြီး စစ်ထဲဝင်ရမယ့် လူငယ်တွေကို တစ်ဦး ငွေ သိန်း၅၀ ပေးမယ်ဆိုပြီး ငွေတောင်းတယ်။ တစ်အိမ်ထောင် ငွေကျပ် ၅ သောင်းတောင်းတယ်။ အဲဒါက စစ်ထဲဝင်မယ့် လူငယ်တွေကို တစ်ဦး သိန်း ၅၀ ပေးဖို့။ နောက်တစ်ခါ တစ်အိမ်ထောင် တစ်လ ငွေကျပ် ၃ သောင်း ထည့်ဝင်ခိုင်းတယ်။ အဲဒါကတော့ စစ်မှုထမ်းနေတဲ့ လူငယ်တွေကို ထောက်ပံ့ကြေးလို လစဉ်ပေးဖို့ ။ တစ်လုံးတစ်ခဲတည်းက သိန်း ၅၀ ပေးမယ်။ လစဉ်ကလည်း ထောက်ပံ့ဦးမယ်ပေါ့” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စုအပိုင်ကျေးရွာများတွင်လည်း စစ်မှုထမ်းရမည့် လူငယ်များကို မဲနှိုက် ရွေးချယ်ပြီး စစ်ထဲဝင်ရမည့် လူငယ်များကို ထောက်ပံ့ရန်ဟုဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် အနည်းဆုံး ၅၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ ပေးဆောင်ခိုင်းနေကြောင်း သိရှိရသည်။

ထို့အတူ မကွေးတိုင်း၊ မကွေးမြို့နယ်၊ တပ်ကုန်းကျေးရွာအုပ်စုတွင်လည်း အုပ်ချုပ်ရေးမှူး မိုးဇော်က ပြည်သူများကို စစ်မှုထမ်း မလိုက်လိုလျှင် ငွေကြေးပေးရမည်ဟုဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် အိမ်ခြေ ၂၀၀ ကျော်ကို ကောက်ခံကြောင်း၊ အခြားတစ်ဖက်တွင်လည်း ငွေမပေးနိုင်သော နေအိမ်များမှ လူငယ်များကို စစ်တပ်ထဲသို့ အမည်စာရင်းပေးပို့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ သဲကုန်းကျေးရွာတွင်လည်း ကျေးရွာ အုပ်ချုပ်ရေး ဥက္ကဋ္ဌ ရဲဝင်းက ၎င်း၏ သားများ၊ အမျိုးများနှင့် ငွေပေးနိုင်သူများ၏ သားများကို စစ်မှုထမ်းမည့် လူငယ်စာရင်းတွင် မထည့်သွင်းဘဲ ငွေမပေးနိုင်သူများကိုသာ စစ်မှုထမ်းစာရင်းတွင် ထည့်သွင်းထားကြောင်း သိရှိရသည်။

“ရွာဥက္ကဋ္ဌ ရဲဝင်းက စစ်မှုထမ်း လူငယ် မဲနှိုက်မယ့်စာရင်းကောက်တာ။ လူငယ် ၆ ဦးပဲ အမည်စာရင်းထည့်တယ်။ ကျန်တဲ့ တစ်ရွာလုံးမှာရှိတဲ့ ငွေကြေးပေးနိုင်သူ၊ ဥက္ကဋ္ဌ ရဲဝင်းရဲ့သားတွေ၊ သူ့ ဆွေမျိုးရဲ့ သားတွေ မပါဘူး။ အကုန်လွှတ်ပေးတယ်။ ငွေမပေးနိုင်သူကို ဦးစားပေးထည့်တော့ ဆင်းရဲတဲ့ကလေး ၆ ဦးက ကယ်ကူသူမဲ့နဲ့ မဲနှိုက် စစ်ထဲဝင်ရမယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်က ပို့ချနေသော ပြည်သူ့စစ်သင်တန်းမှ လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်က ပို့ချနေသော ပြည်သူ့စစ်သင်တန်းမှ လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article