ကောလင်းမြို့နယ်၊ ပန်းတင်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ မီးလောင် ပျက်စီး
ရန်ကုန်၊ မတ် ၂၅
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ပန်းတင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင် ပျက်စီးခဲ့ကြောင်း Kawlin Revolution-KR မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ကောလင်းမြို့တွင်းမှ အကြမ်းဖက် စစ်တပ်က ပန်းတင်ရွာကို ဒရုန်းဖြင့် အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင် ပြာကျခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“ထိတွေ့မှုမရှိဘဲ ကျဲတာလို့ သိထားပါတယ်။ ပြည်သူထိခိုက်မှု မရှိလိုက်ပါဘူးဗျ”ဟု Kawlin Revolution-KR ၏ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။