27 C
Yangon

မုံရွာမြို့ ပြည်တော်သာရပ်ကွက်ကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ ပုလောတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦး ဒဏ်ရာရ

Must read

မုံရွာမြို့ ပြည်တော်သာရပ်ကွက်ကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ ပုလောတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၃၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပြည်တော်သာရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် ၊ မုံရွာမြို့ ပြည်တော်သာရပ်ကွက် (အက်တောကျေးရွာ)ကို အိမ်စီးကားဖြင့် ကင်းလှည့်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရပ်ကွက်အတွင်း အကြောင်းမဲ့ သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ အသက် ၆၀ ကျော် အရွယ် အမျိုးသမီး ၁ ဦး သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများက ပြည်တော်သာရပ်ကွက် အတွင်းကို ညနေ ၆ နာရီ ၃၀ မိနစ်မှ ၇ နာရီ အထိ မိနစ် ၃၀ ကြာ ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားများသည် မုံရွာမြို့အတွင်းရှိ ရပ်ကွက်များကို အိမ်စီးကားများဖြင့် ကင်းလှည့်ပြီး အကြောင်းမဲ့ ပစ်ခတ်မှုများ ပြုလုပ်ကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၂ လုံးပျက်စီးပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ပုလောမြို့နယ်၊ ရှပ်ပုံရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာအတွင်း စစ်ကား ၇ စီးဖြင့် ရောက်ရှိနေသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ရှပ်ပုံရွာကို မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ် လောက်က စစ်ခွေးတွေ လက်နတ်ကြီးနဲ့ ရမ်းပစ်လို့ နေအိမ် ၂ လုံးပျက်စီးပြီး အမျိုးသမီးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရထားတယ်။ အခုဆိုရင် စစ်ကား ၇ စီးနဲ့ ရွာထဲမှာ ပတ်ရမ်းနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article