မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား
ရန်ကုန်၊ ဧပြီ ၂၂
မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၁ ရက်နေ့တွင် မြိုင်မြို့နယ်၊ သရက်ကွပျူစောထီးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သာများကို ညနေ ၄ နာရီမှ ည ၈ နာရီ အထိ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးနှင့် ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ နံနက် ၈ နာရီ မှ ၁၀ နာရီ အထိ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှစခန်းရှိ အကြမ်းဖက် စစ်တပ် အထိုင်ကင်းကို တော်လှန်ရေး တပ်ဖွဲ့များက အီနာဂါဗုံးသီး ၁၀ လုံးဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ ဖိုက်ဘာ (hat) အုပ်ထုပ် ၂ လုံး၊ MA ကျည်ဘောက် ၁ ဘောက်၊ ၅.၅၆ ကျည် ၁၃ တောင့်၊ လက်ပစ်ဗုံး (စနစ်တံမပါ) ၁ လုံးတိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra (ကမ္မတပ်ပေါင်းစု)၊ DMG (ဓားမင်းကြီး)၊ PKU Thurein အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။