35 C
Yangon

ပေါက်မြို့နယ်၊ ဖလံကိုင်း ရေနံမြေစခန်းမှ စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦးအရှင်မိ

Must read

ပေါက်မြို့နယ်၊ ဖလံကိုင်း ရေနံမြေစခန်းမှ စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦးအရှင်မိ

ရန်ကုန်၊ ဧပြီ ၂၂

မ‌ကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဖလံကိုင်း ရေနံမြေစခန်းမှ စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း Myaing Supporting Battalion တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့တွင် ပေါက်မြို့နယ်၊ ဖလံကိုင်း ရေနံမြေ စခန်းမှ စခန်းစွန့်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဆေးပင်ကြီး ကျေးရွာအနီးတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အသင့်စောင့်ဆိုင်း၍ ချုံခိုတိုက်ခိုက်ခဲ့ရာ ၂ နာရီကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ ၃ ဦးအရှင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် လာရောက် ပစ်ခတ်ခဲ့သောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myaing Supporting Battalion (MSB) – မြိုင်ထောက်ပို့တပ်ရင်း၏ ထောက်ပို့ တပ်ရင်းလေးရင်းဖြစ်သော ပခုက္ကူခရိုင် အမှတ်(၂)တပ်ရင်း၊ အမှတ်(၆)တပ်ရင်း၊ အမှတ်(၇)တပ်ရင်း၊ အမှတ်(၁၇)တပ်ရင်းတို့နှင့်အတူ ပခုက္ကူခရိုင်အမှတ်(၁)တပ်ရင်း၊ အမှတ် (၁၄)တပ်ရင်း၊ မြိုင်မြို့နယ် ပ.က.ဖ နှင့် ပေါက်မြို့နယ် ပ.က.ဖ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Myaing Supporting Battalion – MSB အနေဖြင့် ထောက်ပို့ တပ်ရင်းများရှိ ရှေ့တန်း ရဲဘော်များကို ကျည်ကာဝတ်စုံများ တပ်ဆင်ပေးနိုင်ရန် “နံ့သာမြိုင်ကမ်ပိန်း” ကို မတ်လ ၁၅ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိပြုလုပ်လျက်ရှိပြီး တော်လှန်ပြည်သူများအနေဖြင့် ၅၀ ရာခိုင်နှုန်း ပင်မပြည့်သေးသောကြောင့် ကမ်ပိန်း၌ ပူးပေါင်း ပါဝင်ကြရန် Myaing Supporting Battalion တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article