လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
ရန်ကုန်၊ဧပြီ ၂၉
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဧပြီလ ၂၉ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ ကြောင်းသိရသည်။
အဆိုပါ လူထုသပိတ်လှုပ်ရှားမှုကို “လူထုအာဏာ တည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်” ခေါင်းစဥ်နှင့် အမျိုးသမီးများ၊လူငယ်များ၊ ဒေသပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြ ကြောင်း သိရသည်