ရန်ကုန်၊ ဧပြီ ၂၃
ရှမ်းပြည်နယ်၊ ရွာငံမြိုနယ် ပဲယင်းတောင်ကျေးရွာတွင် ဧပြီလ ၂၂ ရက်နေ့ နံနက် ပိုင်း ရွာသား ၆ ဦးကို စစ်ကောင်စီတပ်ကသတ်ဖြတ်ခဲ့ပြီးနောက် အသက်(၅၀)ဝန်းကျင်အရွယ် ရွာသား၃ ဦးကို ထပ်မံသတ်ဖြတ်လိုက်ရာ စစ်တပ်၏ သတ်ဖြတ်မှု ခံရသူ စုစုပေါင်း ၉ ဦးအထိရှိလာပြီဖြစ်ကြောင်း ရွာငံဒေသခံများထံမှ သိရှိရသည်။
သေဆုံးသူများမှာ ကိုဗထူး ၊ ကိုဖိုးပြောင်နှင့် ကိုလှရွှင်တို့ဖြစ်ပြီး သေဆုံးသူများကို စစ်ကောင်စီက မသတ် ဖြတ် မီ ရွာဘုန်းကြီးကျောင်းတွင် ၂ ရက်ခန့် ချုပ်နှောင်ထားခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်း စစ်တပ်က သတ်ဖြတ်ခဲ့သော ရွာသား ၆ ဦးမှာ
(၁)ကိုတင်ဖေ
(၂)ကိုလှစိုး
(၃)ကိုထွန်းဦး
(၄)မောင်သက်အောင်
(၅)ကိုမျိုးထွေး
(၆)ကိုဝင်းနိုင် တို့ဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်၏ သတ်ဖြတ်မှု ခံရ၍ သေဆုံးသူများမှာ လက်နက် အပ်တိုတစ်ချောင်းပင်မပါဘဲ အကြောင်းမဲ့ သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ပြီး PDF ဟု စွပ်စွဲသတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ သတ်ဖြတ်ပြီးချိန်တွင် စစ်တပ်က ၎င်းတို့ ယူဆောင်လာသော လက်နက်များကို ချ၍ ဓာတ်ပုံမှတ်တမ်းများရိုက်ကူးကာ လူမှုကွန်ရက်များမှတစ်ဆင့် ဝါဒဖြန့်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်က ရွာသား ၆ ဦးကို သတ်ဖြတ်ပြီးနောက် ထပ်မံ သတ်ဖြတ်လိုက်သည့် ရွာသား ၃ ဦးအနက်မှ တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။