32 C
Yangon

ကရင်နီပြည်နယ်တွင် ဧပြီလ တတိယတပတ်အတွင်းတိုက်ပွဲများ၌ စစ်သား ၁၆ ဦးသေဆုံး၊ စစ်ကောင်စီစစ်ကြောင်း ဖရိုဖရဲဖြစ်ပြီး စစ်သား ၁၇ ဦး ထွက်ပြေးကာ တပ်သားအချို့ KNDF ထံ ခိုလှုံ

Must read

ရန်ကုန်၊ ဧပြီ ၂၃

ကရင်နီပြည်နယ်တွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ တတိယတပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သား ၁၆ ဦးသေဆုံးကာ၊ စစ်သားအချို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ထံ လာရောက်ခိုလှုံခဲ့ကြောင်း KNDF က ယနေ့ သတင်းထုတ်ပြန်သည်။

ဧပြီလ တတိယအပတ်တွင် မိုးဗြဲ၊ ဝါရီဆူးပလိုင်နှင့်ဝါရီကောခူကျေးရွာ၊ ဒီးမော့ဆိုမြို့နယ် ဒေါကမီးနှင့် ဥခူရီကျေး ရွာ၊ ဖရူဆိုနှင့်ဘောလခဲနယ်စပ်ရှိ ထားလဲနှင့် နန်းဖဲစသည့် ‌ဒေသတို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ကရင်နီ ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ဒီး‌မော့ဆိုမြို့နယ်၊ နောင်ပုလဲနှင့် ဥခူရီနှင့် ‌ဒေါကမီးမှ အကြမ်း ဖက်စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာနေကြောင်း KNDF က ဆိုသည်။

ကရင်နီပူး‌ပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ကို ပြောက်ကျားစနစ်ဖြင့် နေ့စဥ်နှင့်အမျှ တိုက်ခိုက်နေပြီး ဖရူဆိုမြို့နယ် ထားလဲနှင့် နန်းဖဲအကြားတွင် စစ်ကြောင်း ထိုးလာသော စစ်ကောင်စီစစ်ကြောင်းမှ တပ်သားများ ဖရိုဖရဲဖြစ်ကာ တပ်သား ၁၇ ဦး စွန့်ခွာထွက်ပြေးခဲ့ကြောင်း တပ်သားအချို့ ကရင်နီပူး‌ပေါင်းတပ်ထံ ခိုလှုံခဲ့ကြောင်း သိရှိရသည်။

ဧပြီလ (၁၆) ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က လွိုင်ကော်မြို့ ချီကယ်ရပ်ကွက်ရှိ အသက် ၈ နှစ်အရွယ် ကလေးငယ်တဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့သည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ၏ လက်နက်ကြီးပစ်ခတ်မှုများ မီးရှို့ဖျက်ဆီးမှုများကြောင့် ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆိုမြို့နယ်များမှ အများပြည်သူနေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း KNDF က ဆိုသည်။

ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့ပြီး ဒေါခမီးတိုက်ပွဲအတွင်း KNDF ရဲဘော် ၂ ဦး ကျဆုံးသွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က အတည်ပြုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article