31 C
Yangon

ဝန်းသိုနှင့် ကောလင်းတွင် စစ်တပ်က ရွာများကို မီးရှို့နေစဉ် တားဆီးခဲ့သည့် ဆရာတော် တစ်ပါးနှင့် အမျိုးသမီး ၁ဦးကို ပစ်သတ်၊ ပြည်သူ ၄ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား၊ စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာ ၉ရွာပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်း ဝန်းသိုနှင့် ကောလင်းမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး လာရောက် တားဆီးသည့် ဆရာတော် တစ်ပါးကို စစ်တပ်က ပစ်သတ်ကာ အမျိုး သမီး တစ်ဦးကိုလည်း အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်က သပြေသာ ရွာကို မီးရှို့ရန် ပြုလုပ်နေစဉ်တွင် ဆရာတော် တစ်ပါးက ဝင်ရောက် တားဆီးခဲ့ခြင်းဖြစ်ပြီး စစ်တပ်က ပစ်သတ်ခဲ့ကာ ကျေးရွာအတွင်းရှိ အမျိုးသမီး တစ်ဦးကိုလည်း အကြောင်းမဲ့ ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ကြိုင်းခွင်ရွာနေ ဦးမြင့်ဝေ၊ စိန်လည်ကျေးရွာမှ ဦးထွန်းနိုင်၊ အောင်ကုန်းရွာမှ အရပ်သား ပြည်သူ ၂ဦး ကိုလည်း စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။

ဝန်းသိုနှင့် ကောလင်း အစပ်ရှိ ဥသျှစ်ခုန်၊ ကျောက်ပေါက်ခုံ၊ စိန်လည်၊ သ‌ပြေသာ၊ ရှမ်းစု၊ အောင်းကုန်း၊ ကျိုင်းခွင်၊ တဝိုက်ရွာ၊ အလယ်ခုံ စသည့် ကျေးရွာ ၉ရွာကိုလည်း အကြမ်ဖက် စစ်တပ်က ဧပြီလ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်း ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ ရွာပတ်ပတ်လည်ကို ဓာတ်ဆီ လောင်းပြီးကို မီးရှို့နေတာ ရွာလုံးကျွတ် နီးပါးကို ပြာကျတာ အင်တာနက် လိုင်း ဖုန်းလိုင်းတွေလည်း ဖျက်ခံထားတယ်။ အဆက်အသွယ်က တိုက်ရိုက် ချိတ်မရတော့ ဖြစ်စဉ် အသေးစိတ် အခြေအနေတွေကို မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် ဝန်းသိုမြို့နယ် အတွင်းရှိ စိန်လည်ရွာအနီးတွင် ဧပြီလ ၂၂ ရက်နေ့၌ စစ်ကြောင်း ထိုးလာစဉ် ဗုံးခွဲ တိုက်ခိုက် ခံရပြီးနောက် စစ်သား ၁၅ သေဆုံးခဲ့ပြီး ယင်း တိုက်ခိုက် ခံရမှု ဖြစ်စဉ် အနီးအနားရှိ ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article