ရန်ကုန်၊ ဧပြီ ၂၄
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်းရွာသား ကိုသိန်းသန်းဦး၊ ကိုကျော်စန်းဝေ၊ ကိုဓာတ်ဆန်းနှင့် ကိုမျိုးဝင်းအောင်တို့ကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၃ ရက်နေ့တွင် ဖမ်းဆီး သတ်ဖြတ်ခဲ့ကာ ရွာလုံးကျွန် ထွပ်ပြေးနေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အဆိုပါ ကျေးရွာသား ၄ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ပြီးနောက် ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံ ပြည်သူ များလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” မနေ့က တလိုင်းကျွန်းရွာသား ၄ဦးကို စစ်ခွေးတွေက ဖမ်းဆီး သတ်ဖြတ် လိုက်တယ်။ ရွာကို ဝင်စီးလို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်။ လက်နက်ကြီးတွေနဲ့လည်း ရမ်းသမ်းပြီး ပစ်တယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။