26 C
Yangon

ဟိုပုံးတွင် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ပြည်သူ ၂ ဦးကို ပစ်သတ်၊‌ ကျောက်မဲတွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၁၂

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ပြည်သူ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း PNLA ထံမှ သိရသည်။

မေလ ၁၅ ရက်နေ့ ည ၈ နာရီအချိန် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက် အောက်ခံ PNO တပ်ဖွဲ့က ဟိုပုံးမြို့ နောင်ပဖါ ရပ်ကွက်မှ ပြည်သူ ၂ ဦး ဖြစ်သည့် ဖြားခွန်လှ နှင့် ခွန်ဗွုန်း တို့ကို နေအိမ် ပေါ်ထိ သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသ ပြည်သူ ၂ ဦးဖြစ်သည့် ဖြားခွန်လှနှင့် ခွန်တဗွုန်း တို့သည် ပအိုဝ်းအမျိုး သားလွတ်မြောက် ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟုဆိုကာ စွပ်စွဲ ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြည်သူ ၂ ဦးသည် နောင်ပဖါရပ်ကွက်မှ သာမန် ပြည်သူများသာဖြစ်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(PNLA) နှင့် မည်သည့် ပတ်သက်မှု မရှိကြောင်း၊ ဖြားခွန်လှမှာ နောင်ပဖါရပ်ကွက်မှ ရပ်မိရပ်ဖဖြစ်ပြီး နောင်ပဖါ ရပ်ကွက် အတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး အကျင့်ပျက်နေသူများအား စာရိတ္တပြုပြင်ရေးတွင် တက်ကြွစွာ အကူအညီပေးနေသည့် ရပ်မိ ရပ်ဖ တစ်ဦးဖြစ်ကြောင်း PNLA က ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့သည် မေလ မှ ဇွန်လ ၃ ရက်နေ့အထိ ဒေသ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်း ၊ ပြန်ပေးဆွဲငွေညှစ်ခြင်း ၊ ရိုက်နှက် နှိပ်စက်ခြင်းများ ၁၀ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ယခု အချက်အလက်များသည် PNLA က ရရှိထားသော အချက်အလက်များသာဖြစ်ပြီး မြေပြင်ပေါ်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း PNLA က ထုတ်ပြန် ထားသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ပန်လော့ကျေးရွာမှ ပြည်သူ ၁ ဦး မှိုသွားရှာစဉ် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ခြေ ထောက် တစ်ဖက် ဆုံးရှုံးကာ ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြား ရေးဌာနမှ သိရသည်။

ဇွန်လ ၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် အသက် ၄၁ နှစ်အရွယ် ဦးစိုင်းသန်းဦး သည် အကြမ်းဖက် စစ်ကောင်စီတပ်စခန်းအနီး မှိုသွားရှာနေစဉ် စစ် တပ်က ထောင်ထားသော မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ဦးစိုင်းသန်းဦးကို ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ဆေးဝါးကုသမှုခံယူနေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article