26 C
Yangon

နောင်ချိုနှင့် စဉ့်ကူးရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး အပြင်းအထန် ဒဏ်ရာရ

Must read

နောင်ချိုနှင့် စဉ့်ကူးရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး အပြင်းအထန် ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၃

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ သုံးဆယ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။

ဇွန်လ ၁၂ ရက်နေ့ ည ၁၁ နာရီ မှ ၁၂ နာရီထိ အုမ္မတီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က သုံးဆယ်ရွာဘက်ကို လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ရာ ကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပြည်သူ အမျိုးသား ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကိုင်တပ်ဖွဲ့များ မရှိသည့် ပြည်သူများသာ နေထိုင်သော ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသနေပြည်သူ တချို့ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ရကြောင်း သိရသည်။

ဇွန်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့ အထိ နောင်ချိုမြို့နယ်တွင် အကြမ်းဖက် စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၁၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ လက်ပံကုန်းရွာကို အကြမ်းဖက် စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်း – ဝက်လက် အဖွဲ့က ပြောဆိုသည်။

ဇွန်လ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် စဉ့်ကူးမြို့နယ်၊ တောင်အင်းရွာရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများပစ်ခက်ခြင်းကြောင့် လက်ပံကုန်းရွာ အရှေ့ပိုင်းနှင့် ရွာအနောက်ပိုင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article