33 C
Yangon

ကျိုက်‌မရောအကျဉ်းထောင်တွင် အလုပ်အခိုင်းခံရသည့် အကျဉ်းသားတစ်ဦး ဓာတ်လိုက်မှု ဆေးရုံပို့ရန် ၀ိုင်းဝန်း တောင်းဆိုမှု ဖြစ်ပွားပြီးနောက် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့

Must read

ကျိုက်‌မရောအကျဉ်းထောင်တွင် အလုပ်အခိုင်းခံရသည့် အကျဉ်းသားတစ်ဦး ဓာတ်လိုက်မှု ဆေးရုံပို့ရန် ၀ိုင်းဝန်း တောင်းဆိုမှု ဖြစ်ပွားပြီးနောက် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့

ရန်ကုန်၊ ဇွန် ၁၅

မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်တွင် အလုပ်အခိုင်းခံရသည့် အကျဉ် းသားတစ်ဦး ဓာတ်လိုက်မေ့မြောသွားသည်ကို ထောင်ဘက်က ပစ်ထားသဖြင့် ဆေးရုံပို့ရန် အကျဉ်းသားများက ၀ိုင်းဝန်းတောင်းဆိုမှု ဖြစ်ပွားပြီး နောက် နိုင်ငံ ရေးအကျဉ်းသား ၁၀၀ ကျော်ကို ယနေ့ နံနက်အစောပိုင်း ထောင်ပြောင်းရွှေ့ကြောင်း သိရှိရသည်။

ဇွန်လ ၁၅ ရက်နေ့ နံနက် ၂ နာရီအချိန် နိုင်ငံရေးအကျဉ်းသားများကို စစ်တပ်နှင့်ထောင်အာဏာပိုင်များက အတင်း အကျပ် ဆွဲထုတ် ထောင်ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း၊ ဇွန်လ ၁၂ ရက်နေ့က အလုပ်အခိုင်းခံရသည့် အကျဉ်းသားတစ်ဦး ဓာတ်လိုက် သတိလစ်မေ့မြောသွားသဖြင့် ဆေးရုံပို့ရန် နိုင်ငံရေးအကျဉ်းသားများက ၀ိုင်းဝန်းတောင်းဆိုခဲ့ပြီးနောက် ယင်းသို့ ထောင်ပြောင်းရွှေ့မှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ညွှန်မှူးကို ၀ိုင်းဝန်းတောင်းဆိုတာအပါအဝင် ကျနော်တို့က ၀ိုင်းဝန်းတောင်းဆိုမှုကို သူတို့က ထောင်ဆူတယ်လို့သတ်မှတ်မယ်ဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့ ထောင်ပြောင်းမှု တွေ လုပ်လေ့ရှိတယ်။ သူတို့က ဒီတစ်ခေါက်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကိစ္စအပြင် ကျနော်တို့ အဲဒီအရှေ့မှာ လုပ်ခဲ့တဲ့ ဆန္ဒပြသပိတ် ဦးဆောင်တဲ့သူတွေကိုပါ သူတို့က ထောင်ပြောင်းရွှေ့တယ်။ အဲဒီတော့ ကျော်ကြားတွေပါသွားတယ်။ ပြီးတော့ သူတို့ကို အမြဲတမ်းဝေဖန်ထောက်ပြနေသူတွေကိုပါ တယ်။ ထောင်တွင်း သပိတ်တိုက်ပွဲတွေမှာ ပါဝင်တဲ့သူတွေ ပါသွားတယ်။ ညွှန်မှုးကို အဓိက ပြောတဲ့ အမျိုးသမီးအဆောင်ကသူတွေ ပါသွားကြတယ်။ စုစုပေါင်း နိုင်ကျဉ်းအင်အား ၁၀၀ ကျော်လောက်ကို ဆွဲထုတ်သွားတယ်လို့ သိရတယ်။ ဘယ်ပြောင်းတယ်ဆိုတာ လိုက်နေဆဲဖြစ်ပါတယ်။ မနက် ၂ နာရီကျော်ဝန်းကျင်မှာ ခေါ်ထုတ်သွားတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ မနုနုအောင်၊ မခက်ခက်လွင်တို့ အပါအဝင် နာမည်ကျော် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတချို့ကို ဖမ်းဆီးအကျဉ်းချထားပြီး ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်း သူများ၏ အမည်များကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ- ကျိုက်မရော အကျဉ်းထောင်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article