29 C
Yangon

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်တချို့က လူတစ်ဦးလျှင် အခေါက် ရွှေ တစ်ပဲနှုန်း သတ်မှတ်စျေးဖြင့် ရောင်းပေး ၊ အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်း ၇ သောင်းကျော် စျေးတန်းရှိ

Must read

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်တချို့က လူတစ်ဦးလျှင် အခေါက် ရွှေ တစ်ပဲနှုန်း သတ်မှတ်စျေးဖြင့် ရောင်းပေး ၊ အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်း ၇ သောင်းကျော် စျေးတန်းရှိ

ရန်ကုန်၊ ဇွန် ၁၅

အကြမ်းဖက်စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်တချို့က လူတစ်ဦးလျှင် အခေါက်ရွှေတစ်ပဲနှုန်း သတ်မှတ်စျေးဖြင့် ရောင်းချပေးနေကြောင်း ရွှေကို သွားရောက်တိုးဝယ်ယူသူ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်ရွှေအသင်းမှတစ်ဆင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၆ သိန်းဝန်းကျင် သတ်မှတ်ထားပြီး အဆိုပါစျေးနှုန်းဖြင့် ရွှေဆိုင်များက လူတစ်ဦးလျှင် အခေါက်ရွှေတစ်ပဲနှုန်း ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အကယ်ဒမီရွှေဆိုင် မြောက်ဒဂုံမှာတော့ ရွှေဝယ်ဖို့ လူတွေတန်းစီနေတာ မနက် ၅နာရီလောက်ကတည်းကစီနေရတာ။ အကယ် ဒမီဆိုင်က တစ်နေ့ကို လူဦးရေ ၇၀ လောက်ကို လူတစ်ဦးကို အခေါက်ရွှေတစ်ပဲနှုန်း။ ရွှေအ သင်းရဲ့ သတ်မှတ်စျေး ၄၆ သိန်းဝန်းကျင်နဲ့ရောင်းပေးတယ်။ မြို့ထဲက အောင်သမာဓိမှာလည်း အခေါက်ရွှေ လူတစ်ဦး တစ်ပဲနှုန်းရောင်းပေးကြတယ်။ တစ်နေ့ကို လူဦးရေ ၇၀ နဲ့ ၁၀၀ အကြား ကန့်သတ်ပြီး ရောင်းနေကြတာ” ဟု ရန်ကုန်စီးပွားရေးသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီ၏ အခေါက်ရွှေသတ်မှတ်စျေးဖြင့် ရောင်းချပေးသည့် ရွှေဆိုင်တချို့မှာ အကယ်ဒမီအခေါက်ရွှေဆိုင်နှင့် အောင်သမာဓိရွှေဆိုင်တို့ဖြစ်ပြီး ယင်းဆိုင် ၂ ခုမှာ စစ်ကောင်စီ၏ ၀ရမ်းထုတ်ခြင်းခံထားရသည့် ဆိုင်များလည်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ ရွှေဆိုင်အများစုတွင် အခေါက်ရွှေ ခေါ် မီးလင်းရွှေ အရောင်း အဝယ်များအားလုံး ရပ်ဆိုင်းထားပြီး ၁၅ ပဲရည် လက်ဝတ်ရတနာအထည်ပစ္စည်းများသာ ရောင်းချကြကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၁၅ ရက်နေ့ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၅ သိန်း ၇ သောင်းကျပ်၊ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှင့် ငွေကျပ် ၄၅၀၀ ကျပ်ဝန်းကျင် စျေးတန်းရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article