31 C
Yangon

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ မွေးနေ့အတွက် သပိတ်ကျင်းမြို့နယ်ပကဖမှ တော်လှန်ရေးရဲဘော်များက ဆုတောင်းမေတ္တာပို့ပြီး ပန်းသပိတ်တွင် ပါဝင်

Must read

ရန်ကုန်၊ ဇွန် ၁၉

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ မွေးနေ့အတွက် သပိတ်ကျင်းမြို့နယ်ပကဖမှ တော်လှန်ရေးရဲဘော်များက ဆုတောင်းမေတ္တာပို့ပြီး ပန်းသပိတ်တွင် ပါဝင်ကြကြောင်း သိရှိရသည်။

သပိတ်ကျင်းမြို့နယ်ပကဖမှ ရဲဘော်များက နှင်းဆီပန်းများ၊ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါရှိသော သံမဏိနှင်းဆီ ပိုစတာများကို ကိုင်ဆောင်ကာဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် သက်ကျော်ရာကျော်ရှည်ပါစေကြောင်း၊ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ဆုတောင်းကြသည်ဟု သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article